37

1.6K 260 100
                                    

"ကဲ ဆိုစမ်းပါဦး
ဘယ်ကနေဘယ်လိုနမ်လုပ်ငန်းစုဥက္ကဋ္ဌကြီး
မြေးဖြစ်သွားရ... "

ဆယ်ဟွန်း လက်လေးပိုက်ကာသူ့ကိုမျက်မှောင်ကျုံ့ကြည့်တော့ဟော့လေးက
အသကုန်ရီပြနေလေရဲ့။

"အစ်ကိုကလည်း
ဒါကိုဘယ်လိုရှင်းပြရမလည်း....
ဒီလို ဥက္ကဋ္ဌ ကြီးကကျွန်တော့အဘိုးဖြစ်နေတာ အစတည်းက.....
အဲ့တော့ကျွန်တော့်ကသူ့မြေးဖြစ်နေတော့ ''

သူ့ထက်ခေါင်းတစ်လုံးစာမကမြင့်သောဟော့လေးကိုဆယ်ဟွန်းခေါင်းခေါက်ဖို့လုပ်တာ
ခေါင်းငုံပေးလေသည်။

"အား နာတယ် "

"နာအောင်ခေါက်တာ "

ပြီးနောက်ပူးကပ်ကာဘာတွေပြောနေကြသည်မသိကြည့်လေအကုသိုလ်များလေ။
ထိုမြင်ကွင်းကိုကြည့်ကာပူလောင်နေရသူက
ချန်းယောလ်။ဧည့်သည်တွေပြန်ကုန်ပြီ။
ဟွန်းဘေးကပ်ကာဟိုငနဲကမပြန်သေး။
ကျစ် ဟွန်းကရောဘာရီစရာပါလို့အသကုန်ရီမောနေ။

"ပြန်ရအောင် ''

ဆူပုပ်ပုပ်မျက်နှာပေးနဲ့သူကဟွန်းဘေးရောက်လာသည်။လက်ကိုပါဆွဲကိုင်ပြောလာသည်။

"အစ်ကိုဘယ်ကိုပြန်မှာလဲ
မိုးချုပ်နေပြီမလား
ကျွန်တော် လိုက်ပို့ပေးမယ် "

ဂျူဟော့ ကလည်းဆယ်ဟွန်းလက်ကိုဆွဲရင်းမေးသည်။သူကလည်းမလွတ်ပေးသည့်အပြင်တင်းကြပ်စွာဆုပ်ကိုင်ထားသည်။
နှစ်ယောက်ကမလွတ်ပေးကြသည့်အပြင်
အကြည့်ချင်းပါစစ်ခင်းနေကြပြီ။

"အခန်းလေးကိုဘဲပြန်မှာမလား
သွားရအောင် "

ချန်းယောလ်ကထိုသို့ဆိုကာထွက်ဖို့ပြင်သည်။သူကဆွဲချိန်ဟော့လေးကလည်း
မလွတ်ပေးသည့်အပြင်ချန်းယောလ်ဆွဲထားသည့်လက်ကိုဖြုတ်ချသည်။

"မင်း ဒါဘာလုပ်တာလဲ "

"မြင်တဲ့အတိုင်းဘဲ
အစ်ကိုမငြင်းတာနဲ့အတင်းအကြပ်ခေါ်နေရလား ''

"ငါ့ယောက်ကျားငါခေါ်တာ
မင်းနဲ့ဘာဆိုင်လို့ဝင်ပါ "

"အဟက် ယောက်ကျား ယောက်ကျားနဲ့သုံးနေရအောင်အခုချိန်မှာအစ်ကိုကလူလွတ်
ပြီးခဲ့တဲ့အတိတ်ကဟာတွေလာမပြောနဲ့ "

Marriage Life ( ChanHun )Where stories live. Discover now