43

1.8K 232 100
                                    


"ထတော့လေ
ရေပက်တိုက်ပေးမယ်
ပြီးရင်ဆေးသောက်ဖို့မနက်စာစားရမယ်''

နိုးခါမှမျက်လုံးဖွင့်ကြည့်ပြီးထထိုင်တယ်။
ဆယ်ဟွန်းရင်ခွင်ထဲခေါင်းတိုးဝင်ကာမှိန်နေပြန်တယ်။တကယ်ကနေမကောင်းလို့ပြုစုနေတာကိုကလေးဆိုးကြီးလုပ်ဂျစ်ကျနေတာ။

"ကိုယ်ပူတော့ကျသွားပြီ
ထတော့ဇိမ်ယူမနေနဲ့ဆေးသောက်ဖို့လုပ်ရမယ်"

ရင်ခွင်ထဲကသူ့ခေါင်းကိုဖယ်ကာနဖူးဆီစမ်းကြည့်တော့မျက်လုံးဖွင့်ကြည့်ပြီးနှုတ်ခမ်းကြီးစူထော်ထားတာ။

"သည်းငယ်ကကိုယ့်ကိုမချစ်ဘူး
ချစ်တယ်ဆိုတာလိမ်တာမလား "

သူပုံကိုကြည့်ပြီးဆယ်ဟွန်းဆွံအသွားသည်။
စကားနာကလည်းထိုးသေးတယ်။

သူပုံကိုကြည့်ပြီးဆယ်ဟွန်းဆွံအသွားသည်။စကားနာကလည်းထိုးသေးတယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"အယ် ခင်ဗျားရယ်ချစ်တယ်လို့အဖြေပေးထားတာဘာလို့လိမ်ရမှာလည်း "

"သည်းငယ်ကချစ်တယ်သာပြောတာ
ဘာလို့ ခင်ဗျား လို့ခေါ်နေတာလည်း၊သည်းငယ်ရဲ့စိမ်းကားမှုကြောင့်ကိုယ်အတော်ဝမ်းနည်းနေတာ "

အဲ့လိုအရစ်ရှည်နေတာနဲ့နေမြင့်နေပြီ။
ဆယ်ဟွန်း မိမိရှေ့က ကလေးဆိုးကြီးကို
ကြည့်ကာခေါင်းခါလိုက်သည်။

"အရင်လိုပြန်ခေါ်ကွာ
မခေါ်ရင်ဆေးမသောက်ဘူး "

"ကိုကိုကလိမ္မာပါတယ်
ထတော့နော် သည်းငယ်ရေပက်တိုက်ပေးမယ်လေ "

အရစ်ကြောရှည်နေမှုကိုထိုစကားနဲ့တင်
အဆုံးသတ်စေကာရေပက်တိုက်ဖို့လုပ်ပေး
ရသည်။

"သည်းငယ် ဘယ်လိုမှမခံစားရဖူးလား "

"ဘာကိုလည်းဟင်"

"အဲ့ဒါဘဲ သည်းငယ်ကိုယ့်ကိုမချစ်ဘူးဆိုတာ
တကယ်ဆိုကိုယ့်ကိုမနေ့ကအဖြေပြန်ပေး
တာကလည်းမကောင်းတတ်လို့မလား "

Marriage Life ( ChanHun )Where stories live. Discover now