7~//အတိတ်ကCEOကဆိုးတယ်//

Start from the beginning
                                    

အလုပ်ပြီးလို့ သူလည်းခဏလောက်ထိုင်တုန်းပဲရှိသေးတယ်
အဖွားကရောက်ချလာတယ်။

"ရိပေါ်လေး အယ် ရှောင်းကျန့်ရော"

"သူဌေး သွားစရာရှိလို့တဲ့အဖွား"

ရီပေါ်က ရှောင်းကျန့်ပြောခဲ့တဲ့အတိုင်းပဲ ပြန်ပြောလိုက်တာ
ဖြစ်သည်။ နောက်ဆက်တွဲပြသနာတက်မည်မှန်းသူမသိပေ။

"ဒီချိန်ဆို သူရုံးမှာပဲရှိနေရမှာလေ ဘယ်သွားမယ်လို့ပြောသွား
သေးလား"

"မပြောသွားဖူးအဖွား"

"ဒီကောင်လေးတော့ ကလပ်ရောက်နေပြန်ပြီထင်တယ်
အဖွားလိုက်သွားဦးမယ်"

ရှောင်းကျန့်အဖွားက ခေတ်မှီသူပီပီ ကလပ်တွေဘာတွေနဲ့
လည်းစိမ်းမနေဘူး ။ ဒါပေမယ့်ရှောင်းကျန့်ကလပ်သွားတာ
ကိုတော့‌ဖြင့်မကြိုက်ပါ။ ကလပ်မှာစော်တစ်ပွေပြီးတစ်ပွေ
နဲ့အီလွန်းတာကိုမကြိုက်ပါ။ ရည်းစားပွေတာကိုလည်းမ
ကြိုက်ပါ။ အဖွားကရှောင်းကျန့်က ရည်ရည်မွန်မွန်လူ
ကောင်းလေးနဲ့အိမ်ထောင်ကျစေချင်တာဖြစ်သည်။ အခု
သူ့မျက်စိရှေ့ကောင်လေးပေါ့။ မဖြစ်နိုင်မှန်းသိပေမယ့်
အဖွားက ဖြစ်စေချင်မိတာတော့အမှန်ပါ။

"ချွေးတွေလည်းရွှဲနေတာပဲ ရီပေါ်လေး အိမ်ပြန်ပြီးနားလိုက်
တော့ ဒီနေ့ နားရက်ပေးထားတာဆို"

"ကျွန်တော်က မနေ့ကမှ အလုပ်စဆင်းတာဆိုတော့ ခွင့်မယူ
ချင်လို့ပါအဖွား"

"အေးပါကွယ် ဒါနဲ့ မနေ့က မူးလဲတာ ဘယ်လိုဖြစ်ရတာလဲ
ဂရုစိုက်မှပေါ့ကွယ်"

"မနေ့ကဓာတ်လှေကားပျက်နေတာအဖွား အဲ့တာ ကျွန်တော်
အသွားအပြန်လုပ်တော့ မောပြီး မေ့လဲသွားတာ အခုဘာမှမ
ဖြစ်‌ေတာ့ပါဘူး စိတ်မပူပါနဲ့"

ရီပေါ်က ရိုရိုသေသေလေး‌စကားပြောတာကိုအဖွားကသဘော
ကျနေသည်။

"အေးကွယ် ဓာတ်လှေကား သေချာပြန်ပြင်ဆင်ဖို့ အဖွားပြော
ထားရမယ် "

"ဟုတ်အဖွား "

"အေးကွယ် အဖွားသွားလိုက်ဦးမယ်"

ရီပေါ်ကအဖွားကိုကလပ်ကိုလိုက်မသွားစေချင်ပါ။ ဒါပေမယ့်
မသွားပါနဲ့လို့လည်းမပြောရဲပေ။ သူဌေးက လူငယ်တစ်ယောက်
မို့အပျော်အပါးမက်တာကိုနားလည်ပါသည်။ သူဌေးက ယော
က်ျားလေးတစ်ယောက်မို့ အချောအလှလေးတွေကြိုက်တာ
လည်းနားလည်ပါသည်။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now