ထုံဆေးနဲ့မို့နာကျင်တာလျော့သွားသော်လည်း
ဆယ်ဟွန်းအသိစိတ်ကသိနေသည်။
သာမန်အနေအထားကိုယ်ဝန်ဆောင်မဟုတ်လို့
မွေးလမ်းကြောင်းချဲ့ရပြီးကလေးခေါင်းကိုညှပ်နဲ့
ဆွဲထုတ်ရသည်။သူတို့တွေပြောသမျှကြားနေရသည်မလား။
ခဏအကြာ
အဲ့ကနဲ့ ငိုသံလေးစကြားလိုက်ရသည်။
မျက်ရည်တွေကြားကသူပြုံးလိုက်မိသည်။
သားကြီးလေးတော့ထွက်လာပြီ။၁၀ နာရီ ၄၅ မိနစ် နော်
နောက်မှာတစ်ယောက်ကျန်သေးတယ်။
မြန်မြန်ဆွဲထုတ်ကလေးကရေမွှန်းနေပြီ။တစ်ယောက်ပြောသံသူကြားနေရသည်။
ခဏအကြာနောက်ထပ်ငိုသံလေးကြားလိုက်ရသည်။၁၀ နာရီ မိနစ် ၅၀ ဖြစ်သွားပြီ။
လူနာကသွေးလည်းအတက်အကျမရှိဘူး။
ငြိမ်တယ်။ကလေးတွေလည်းကျန်းမာတယ်။
အကုန်အဆင်ပြေတယ်။ခွဲခန်းတံခါးဖွင့်လာတာနဲ့ထိုင်နေရာကချန်းယောလ်မတ်တပ်
ထရပ်လိုက်ပြီးစိတ်လှုပ်ရှားစွာစောင့်နေတာ။
သည်းငယ်ကိုခွဲခန်းကနေယူထားသည့်လူနာခန်းဆီ
ပြောင်းပေးသည်။ကလေးတွေကိုတော့ရောဂါပါမပါစစ်ဆေး
ရအောင်ကလေးအဆောင်ဘက်ဆီယူသွားသည်၊အခန်းထဲနေရာချထားပြီးမှသည်းငယ်အနားသွားရတော့သည်။
မွေးလူနာလိုက်နာရမည့်အချက်တွေသူနာပြုကပြော
သွားပြီးဆေးသွင်းပေးခဲ့သည်။"သည်းငယ်ပင်ပန်းသွားရပြီ
ကျေးဇူးတင်ပါတယ် ""ကိုကို သားသားတို့ရော... "
"ကလေးအဆောင်ဘက်ယူသွားကြတယ်။
ရောဂါပါမပါစစ်ရမယ်ပြောတာပဲ... ခဏနေလာပြန်ပို့်ပေး
လိမ့်မည်။သည်းငယ်ဘာလိုလည်းကိုကို့်ကိုပြော
အပေါ့အလေးသွားချင်ရင်လည်းပြော
အားမနာနဲ့ "
YOU ARE READING
Marriage Life ( ChanHun )
FanfictionThis fiction contain rude words and rated sence .Don't read under 18 person.Specialized advice you may not like mpreg don't read this fiction. Thanks 🖤 CV By AkariXing Published date : 13/9 /2019 Ending date : 15/11/2020
Final Episode ( Zawgyi )
Start from the beginning