3~//CEOမြေခွေးကြံကြံတော့မယ်//

Start from the beginning
                                    

သူ့ပုခုံးပေါ်မှီကာ အိပ်ပျော်သွားတဲ့ကောင်လေး မျက်မှန်
ကိုချွတ်ပေးလိုက်သည်။ ပါးလေးတွေကဖောင်းနေတဲ့အ
ပြင် အရက်သောက်ထားလို့ နီတာလေးပါပေါင်းလိုက်တော့
တကယ်ချစ်ဖို့ကောင်းတာတော့ရှောင်းကျန့်၀န်ခံပါသည်။

"အားလုံး ကျွန်တော်ပြန်တော့မယ် စိတ်ကြိုက်ကဲကြနော်
ကျွန်တော်ရှင်းမှာ"

"သူဌေး ကံကောင်းပါစေ‌ဗျာ"

မန်နေဂျာ အစ်ကိုကရှောင်းကျန့်နဲ့တကယ်ရင်းနှီးတယ်လို့
ပြောလို့ရသည်။ ရှောင်းကျန့်ကတော့ရီပေါ်ကို တွဲကာထွက်
လာခဲ့လိုက်ပြီး သူ့အိမ်ကိုပဲခေါ်ခဲ့လိုက်သည်။

အိမ်ရောက်တော့ အဖွားက သူ့ကိုအံ့ဩသလိုကြည့်ကာ

"ရှောင်းကျန့်...မြေး။ရီပေါ်လေးကို ဘာလုပ်မလို့လဲ
မင်းအကြံအစည် ဟုတ်မှလည်းလုပ်ပါကွယ် သူများ
သားသမီးကို"

"ကျွန်တော်သူ့ကိုလက်ဖျားနဲ့တောင် မထိပါဘူးဖွားရယ်ကျွန်
တော့ကိုမယုံဘူးလား"

"နင်ဖြစ်နေလို့ကိုမယုံတာဟေ့"

အဖွားမယုံတာလည်းမဆန်းပါပေ။ ရှောင်းကျန့်ကရည်းစား
ပွေသူဖြစ်တယ်။ မီယွဲ့နဲ့တွဲပြီးမှ ခြေငြိမ်သွားတယ်ပြောလို့ရ
တယ်။

"နောက်မှပြောတော့မယ် ကျွန်‌တော်အ‌ပေါ်တက်တော့မယ်
ဖွား စိတ်ချ ဘာမှမလုပ်ဖူး အဖွားသာမနက်ကျရင်*$*#*$*#$"

အဖွားက တကယ်ပါပဲ ၀မ်ရိပေါ်ဆိုရင်သည်းလွန်းတယ်။
သူ့မြေးထက်တောင် ပိုချစ်နေလားမသိဘူး။

.............

ရီပေါ်ကိုယ်လေးက တကယ်ကိုပေါ့ပေါ့လေး ရှောင်းကျန့်
ကုတင်ပေါ် အသာလေးချပေးလိုက်တော့‌လည်း ထိုအတိုင်း
ပဲ မလှုက်မယှက်အိပ်ပျော်နေသည်။

ရှောင်းကျန့် တကယ်ဒီဖြူစင်တဲ့ကောင်လေးကိုလက်ဖျားနဲ့
တောင်မထိရက်ပါ။ တကယ်ပါ မထိရဲတာဆိုပိုမှန်မယ်။

ရှောင်းကျန့် ရီပေါ်ကိုအပေါ်အကျီတွေချွတ်ပေးလိုက်ကာ
စောင်သေချာခြုံပေးလိုက်ပြီးသူပါ
အကျီချွတ်ကာ ရီပေါ်ဘေး၀င်အိပ်လိုက်သည်။ ဖြူအုအုကိုယ်
လုံးလေးက အရက်ကြောင့် ပူနွေးနေသည်။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now