3~//CEOမြေခွေးကြံကြံတော့မယ်//

Start from the beginning
                                    

.............

"ဒီနေ့ည ကျွန်တော် ဒကာခံမယ်ဗျာ အကုန်လုံးကို ကျွန်
တော်ပြန်ပြီး အလုပ်တက်တဲ့အထိမ်းအမှတ်အနေနဲ့ဒီည
စိတ်ကြိုက်ကဲဖို့ ကျွန်တော် ကာရာအိုကေကိုခေါ်သွားမယ်"

ဟေးခနဲ အသံနှင့်အတူ ၀န်ထမ်းတွေပျော်ရွှင်ကုန်ကြသည်။
အချိန်ပိုလည်းမဆင်းရတော့ပဲ စောစောပဲ ရှောင်းကျန့်ကြို
တင်ငှားထားသော ကာရာအိုကေသို့‌ရောက်ခဲ့ကြသည်။

၀မ်ရိပေါ်ကတော့ထုံးစံအတိုင်း မျက်မှန်အောက်ကမျက်လုံး
လေးပေကလပ်ပေကလပ်နဲ့ ထောင့်ကိုကပ်နေတော့တာပဲ။
ဒီကောင်လေးအရက်လည်းမသောက်တတ်ပေ။

"သူဌေးရှောင်း များများသောက်နော်  ဒီတစ်ပုလင်းလုံးက
သူဌေးအတွက်ပဲ ကုန်အောင်သောက်ရမယ်နော်"

မန်နေဂျာ အရက်ပုလင်းတစ်ပုလင်းကိုထိုးပေးကာ ပြောသည်။
Glenfiddich 1L ပုလင်းကိုရှောင်းကျန့်တစ်ယောက်တည်း
သောက်ရမယ်ဆိုတာ မဖြစ်နိုင်ပေ။ရှောင်းကျန့်သောက်ပါကလူမှန်း
မသိအောင်ဖြစ်သွားမည်မှာ အသေအချာပင်။

"ကိုယ်မသောက်နိုင်လောက်ဖူး ၀မ်ရိပေါ် ငါ့အစားဝိုင်းသောက်
ပေးပါလား"

"ဗျာ ..  ဟို ဟို ကျွန်တော်မှ အရက်မသောက်တတ်တာ"

"မသောက်တတ်လို့သောက်ကြည့်ခိုင်းတာ သောက်ကြည့်
ကိုယ့်သူဌေးကိုယ်ကူညီတယ်သဘောထားလိုက်ပါ ငါလည်း
တစ်ပုလင်း‌လုံးမသောက်နိုင်ဘူးလေ"

ရှောင်းကျန့်က သူ့စကားဆို ရီပေါ်မငြင်းနိုင်မှန်းသိသည်။
ပြောနေရင်းပင် အရင်ပုလင်းဖွင့်ကာ ခွက်ထဲငှဲ့ပေးရင်းရေ
နဲ့ရောလိုက်သည်။

တစ်ခါမှမသောက်ဖူးတဲ့ကောင်လေးက ပထမဦးဆုံးတစ်ခွက်
လည်ချောင်းထဲကဖြတ်သွားတယ်ဆိုရင်ပဲ မျက်မှန်အောက်က
ရုပ်ကလေးက ရှုံ့တွသွားသည်။

ရှောင်းကျန့်ကသူကျနည်းနည်းသောက်ပြီး ‌ရီပေါ်ကိုကျ များ
များငှဲ့ပေးသည်။ ကြာလာတော့ အသားဖြူတဲ့ကောင်လေးဟာ
ပါးပြင်တွေနီရဲလို့အသိစိတ်ပင်ပျောက်နေပြီ။ ရှောင်းကျန့်က
တော့ သူစီစဉ်တဲ့အတိုင်းဖြစ်လာလို့ ကျိတ်ပျော်နေပြီ။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now