အပိုင်း။၆။အတိတ်သို့ခဏသွားခြင်း

2K 285 55
                                    

^အတိတ်သို့တစ်ခဏ^

###အဝေးကလရောင်သည်
အခန်းငယ်လေးထဲ တစ်စိုးတစ
ဖျာကျ၍နေခဲ့သည်။

ခပ်လှမ်းလှမ်း တွင်လည်း
ထုတ်ပိုးထားသော
ပိုးသားအဝတ်လေးတစ်စုံ....

ဂိုယောရဲ့နန်းမြို့က
လည်ပတ်စရာများနေပေမယ့်
ဘယ်မှမသွားချင်

လုပ်စရာရှိတဲ့ စာပေအလုပ်
လေးအတတ်ပညာများ မြင်းစီး
ခြင်းများအားသူ့အချိန်နှင့်သူလုပ်နေကာ
ရက်ကနေလ လကနေနစ်တစ်ခုဆီပင်
ရောက်၍လာတော့မည်သာ...

သခင်းကြီးရဲ့ကတိတွေအတိုင်း
သူ့မျိုးရိုးအနွယ်အဝင်အဖြစ်
မြို့တော်တွင် အရာရှိစာမေးပွဲလာဖြေခြင်းသာ

မနေ့က စာပေပွဲ စစ်ဆေးကာ
ယနေ့ကတော့ ဓားရေး မြင်းစီး
မြှားပစ်ခြင်းများစစ်ဆေးပြီးသောနေ့

ထပ်ပြီး ၁ပတ်လောက်နေပြီးရင်
အောင်မြင်ခြင်းအဖြေထွက်လာမည်မို့
နေရပ်ပြန်ရမည်သာ....

====

တကယ်လည်းစာမေးပွဲတွင်
အောင်မြင်ခြင်းများနဲ့အောင်မြင်ခဲ့၏

နန်းတော်ထဲထိခစားခွင့်ရှိတဲ့
အရာရှိတစ်ခုအဖြစ် နှင့်

နေရပ်တွင်ရှိသောတရားစီရင်ခြင်း
အရာရှိမင်းဖြစ်ရာထူးရရှိခဲ့၏

ဒီရာထူးက သခင်ကြီးကင်မျိုးရိုးအတွက်
လိုချင်နေသောနေရာတစ်ခု

နေရပ်ပြန်ရောက်ပြီး သခင်ကြီး
လျှို့ဝှက်ထားသော
နောက်ထက်အမိန့်တစ်ခုခံယူပြီးလျှင်

ဒီရာထူးရာခံအတွက်အကြွေးကျေပြီသာ...

လွမ်းလှပါပြီ...၁နစ်နီးပါးလောက်
မတွေ့ရသောမျက်နာတစ်ခုက်ို

အခုလိုအများကြီးပြောင်းလဲနေရင်တောင်
သူကအရင်လို နှိမ်ချဆက်ဆံနေမည်သာ

တွေးလိုက်တိုင်း ရင်နာစရာတွေများနေရတာတောင်
ဒီအတွေးတွေကိုသာနစ်သက်နေမိသည်။

တကယ်ပါ........
ထိုလူသားကိုအဲ့ဒီလောက်ထိချစ်နေမိတာပါ။

ထိုလူသားကတော့ ကိုယ့်အား

နှင်းဆီတွေငိုသောနေ့ Where stories live. Discover now