အပိုင်း။၁၂။သဲငယ်၏ရင်သွေး

1.5K 216 87
                                    

"သခင်လေး သခင်ကြီးက
အဆင်သင့်ဖြစ်ရင် ထွက်လာပါတော့တဲ့"

"အင်း ငါအခုထွက်လာမယ်"

နေခြည်ငယ်လေးသည်
မှန်တင်ခုံရှေ့ ဆံပင်ထုံးဖွဲ့မူ့ကိုခံယူရင်း
ရှေ့ကအကြောင်းကြားလာသူကိုဖြေပေးလိုက်သည််

ဒီလတွေထဲသူဟာ အရင်ကလိုမဟုတ်တော​့

အရင်ကလိုခပ်စိုးစိုးခပ်စွာစွာလေးထက်
အချိန်မရွှေးကြောက်လန့်နေတတ်ကာ
သခင်ကြီးကိုလည်းပြန်မပြောရဲတော့ပေ

အဘယ်ကြောင့်ဆို ရှေ့ရက်လတွေထဲ
သူပြန်ပြောမိတာနဲ့သူနားကလူတွေကို
သတ်ပစ်ကာ အပြီးကြောက်အောင်လုပ်လိုက်ပြီမို့သူတော်ရုံပြန်မပြောရဲတော့ပေ

မျက်ရည်လည်းကျလွယ်လာကာ
သခင်ကြီးအလိုရှိသလောက်သူကြည်ဖြူ
ပေးနေတတ်ခဲ့ပြီ

သခင်ကြီးသည်လည်း နစ်များစွာ
သခင်လေးအပေါ်
ချော့ရင်း ဒူးထောက်ရင်းသူ့ကိုမေတ္တာသက်ဝင်လေမလားဆိုပြီး စောင့်နေရင်းကနေ
မရနိုင်တော့မှန်းသိတဲ့အဆုံးမှာ
နောက်ဆုံးလမ်းဖြစ်တဲ့ကြောက်အောင်ခြောက်ပြီး အနားမှာထားမယ့်လမ်းကိုသူရွှေးချယ်သွားခဲ့သည်

ဒီနည်းနဲ့
အနားမှာထားစေခြင်းကိုသူကျင့်သုံးခဲ့သည်

အားငယ်တတ်တဲ့စိတ်ရင်းခံရှိသူလေးဟာ
အခုတော့သခင်ကြီးအလိုကျ ထားရာနေစေရာသွား အချစ်တော်လေး ဖြစ်လို့နေခဲ့ပြီ

"သခင်လေး...ဟို "

"အာ....ဟုတ်သား"

"ဒါကြောင့်...."

"အင်း "

အခုဟာ သခင်ကြီးရဲ့ရူးသွပ်မူ့တွေထဲက
တစ်ခုကို သူ၏စိတ်တိုင်းကျပုံဖော်နေသော
ပွဲမဟုတ်ပါလား

ထိုအရာက သူ၏ ရင်သွေးဟာ
လူ့လောကတွင်ရောက်နေပြီဖြစ်ကြောင်းကို
သူ၏နီးစပ်ရာအစိုးရအသိုင်းဝိုင်းကလူတွေကို
ခေါ်ကာ သတင်ပေးပြီးစားပွဲသောက်ပွဲလုပ်သည်မဟုတ်ပါလား

အခု သခင်လေးကို သူတို့
ဆင်စရာတစ်ခုကတစ်ခြားတော့မဟုတ်
အဝတ်အိပ်တစ်ခု တနည်း ဗိုက်၏
ရှေ့တွင်ခုရန်သာ

နှင်းဆီတွေငိုသောနေ့ Where stories live. Discover now