အပိုင်။၂၂။ရင်သွေးငယ်ဖွားမြင်ရန်ရက်ပိုင်းအလို

1.5K 205 39
                                    

ကိုယ့်ရဲ့ဘေးမှာအသက်ရူနှုန်းမှန်မှန်နဲ့
အိပ်စက်နေတဲ့သဲငယ်ဟာလုံးဝ
အပြစ်ကင်းလွန်းနေခဲ့သည်

နာတံလုံးလုံးလေးရယ်
မဲ့နက်နက်လေးပါတဲ့
နုတ်ခမ်းပါးပါးလေးရယ်ဟာ
ရင်ခုန်စရာအတိ

နို့နစ်ရောင်လိုဖြူနေတဲ့အသားကလည်း
သဲငယ်နဲ့လိုက်မှလိုက်

ခလေးကကိုယ်ဝန်ဆောင်ထားရသလို
ကိုယ်သေးသေးလေးနဲ့
ကိုယ့်ရဲ့သွေးသားကို
လွယ်ပေးထားရသူလေး....

ပိန်ပိန်ပါးပါးနုနုဖူးဖူးလေး....

သူနဲ့ပက်သတ်ရင်မာနဆိုတာလည်း
မရှိသလိုမာန်ထားရကောင်းမှန်းလည်း
မသိဘူး.....

သူအဆင်မပြေနေတာကိုယ်သိနေပေမယ့်

ကိုယ့်ကိုအလိုမရှိတာကိုသိပေမယ့်

ဒါလေးတစ်ခုကိုပဲမသိသလို
ဥပေက္ခာပြုထားကာသူ့ကို
ရင်ထဲအသည်းထဲကနေချစ်ပေးရင်း
ရွှေဘုံပေါ်မှာပဲစံစေချင်နေမိသည်.....

အခုချိန်
ကိုယ်သေရင်တောင်မကျွတ်နိုင်လောက်
မင်းအနားမှာပဲဝေ့ဝဲနေမယ်ထင်တယ်...

ဆုတောင်းကောင်းခဲ့တဲ့မင်းလေးကို
ကိုယ်မြတ်နိုးလို့မဝရဘူးသဲငယ်ရယ်

စစုံခဲ့တဲ့အစေခံဘဝကစပြီး
အခုသခင်ဘဝရောက်တဲ့အထိ
ကိုယ်အောက်ကျို့သည်းခံလက်စားမချေခဲ့တာဆိုလို့မင်းပဲရှိတာ

မင်းပဲကိုယ့်ရဲ့ပိုင်ဆိုင်ရာ
မင်းပဲကိုယ့်ရဲ့ဖြစ်တည်မူ့
မင်းမရှိပဲကိုယ့်ကမ္ဘာကြီးဟာ
ရှင်သန်လို့မဖြစ်နိုင်ဘူး...

ကိုယ်မင်းကို ထိုလောက်ထိရူး
သွပ်စွဲလမ်းတာပါသဲငယ်

ကိုယ်မင်းကိုသိပ်ချစ်တာပဲသဲငယ်ရယ်...

ပိုးသားမွှေ့ယာအဖြူစွပ်စွပ်ပေါ်
အိပ်စက်နေသောအလှငယ်လေးကို
ကြည့်ရင်းသူမြတ်နိူးလို့မဝ..

ဟိတ်ဟန်ကြီးမားသော
အဆောင်တော်ဟာ
အပြင်ကစီးနှင်းဒဏ်ကို
အပြည့်အဝခံနိုင်ရည်ရှိနေကာ
သစ်ကောင်းသားလှများနဲ့
အလှဆင်ယင်ထားမှု့နွေးထွေးသော
ထင်းမီးဖိုရယ်....
ခပ်ပြေပြေပန်းရနံ့မွေး ရနံ့ဆီဟာလည်း အမွှေးအိုးထဲကနေတလူလူနဲ့
မွှေးပျံ့စွာထွက်လို့နေခဲ့သည်...

နှင်းဆီတွေငိုသောနေ့ Where stories live. Discover now