အပိုင်း။၃၂။မောင်...ငါမှားပါတယ်

1.2K 170 62
                                    

"ငါမလိုက်ဘူးမောင်....အ့....
လက်နာတယ်!! လွတ်ပေး ဟင့်"

သူ့ကိုဘာစကားတစ်ခွန်းမှမပြောပဲ
ကားပေါ်ဆွဲချုပ်တင်နေသူဟာ
သူ့ထက်အစများစွာအင်အားကြီးတာမို့
သူမလွန်ဆန်နိုင်ခဲ့ပေ။

^^ခပ်ကြမ်းကြမ်းဆွဲဆောင့်ခံထားရ၍
နာလှသောလက်ကောက်ဝတ်လေးကို
ဆုတ်ကိုင်ရင်းငိုနေသူလေး..^^

(မောင်ကရက်စက်လိုက်တာ)

"မောင် ငါပြောနေတယ်လေ
ငါမလိုက်ဘူးလို့ကားကိုခုရပ်ပေး"

"မနေ့ညထဲက အဲ့ဒီကောင်နဲ့သွားလာ
နေတာကိုငါကမသိဘူးလို့ထင်နေတာလားဟမ်!!"

အစမရှိအဆုံးမရှိ စကားတွေပြောပြီး
သူ့မျက်နာရှေ့ပေါက်ချလာသောဓာတ်ပုံတွေ
မောင့်ပြုမူပုံတွေကရင့်သီးလွန်း၏

"မောင်..မောင်ငါ့နောက်ကိုနောက်ယောင်ခံဖို့
လူတွေလွတ်ထားတာလား...ပြောလေမောင်"

"အေး ဟုတ်တယ် ငါမင်းကိုမယုံလို့
လွတ်ထားတာ မရဘူးလား"

"မောင်!!!!...မင်းတအားမက်ရိုင်းတယ်
ငါမင်းအရုပ်မဟုတ်ဘူး။ငါကလူ..ငါကမင်းချစ်သူ
မင်းငါ့ကိုမယုံခဲ့ရင်ဘာလို့ဆက်တွဲနေသေးလဲမောင်
...
မင်းအတွေးတွေထဲမှာငါကဖောက်ပြန်လွယ်သူလားမောင်..ဘာလဲငါကပထမရည်းစားနဲ့ပြတ်ပြီး
ခပ်လွယ်လွယ်လေးနဲ့မင်းကိုတွဲလိုက်လို့
အထင်သေးနေတာလားမောင်"

"ပါးစပ်ကိုပိတ်ထား ဘာအသံမှထွက်မလာနဲ့"

"လမ်းခွဲမယ် ငါမင်းနဲ့ဆက်မတွဲနိုင်တော့ဘူးမောင်"

"သဲငယ်!!!!! မင်းး!!!!"

"မအော်နဲ့...ငါမင်းကိုမုန်းမိတော့မယ်
ငါ့ကို လမ်းခွဲပေး လမ်းခွဲပေးထယ်ယောင်း"

"လမ်းခွဲပေးဟုတ်လား ဘာလဲ
ဟိုကောင့်ဆီကဘာတွေမက်မောစရာရှိလာလို့
ငါ့ကိူဒီစကားပြောရဲရသည်အထိသတ္တိတွေရှိနေရတာလဲ ငါမင်းကိုတန်ဖိုးထားခဲ့ရတာကို မင်းမို့လို့...
...
ဟိုကောင်ကငါမပေးခဲ့တဲ့အထိတွေ့တွေပေးခဲ့လို့
မင်းယိမ်းသွားတာလား ဟမ်!!"

ဖြောင်း!!!!!!!

အရမ်းကိုလွန်သွားပြီမို့နေခြည်ငယ်ဟာ
ကင့်ပါးကိုအားနဲ့ရိုက်ချလိုက်တော့သည်။

နှင်းဆီတွေငိုသောနေ့ Where stories live. Discover now