အပိုင်း။၁ဝ။ပျံထွက်သွားသောဌက်ငယ်လေး

1.6K 234 87
                                    

ကျေးဌက်တွေ တွန်မြည်နေသော
နံနက်ခင်း လေး

မနက်အာရုံတတ်က ထနေကြအချိန်ဆိုပေမယ့်
ဒီနေတော့မိုးစင်စင်လင်းသွားခဲ့ရသည်

ဘေးမှာတော့ အစိမ်းနုရောင်အလှငယ်လေးဟာ....
ပင်ပန်းထားမူ့ကြောင့် အိပ်စက်နေဆဲ

လည်တိုင်နုနုထက်အနမ်းဖွဖွခြွေရင်း
ကယိုကယိုကျနေသော ဆံသားနက်နက်တို့အား...
ရင်ဘက်ပေါ်သို့တင်ပေးလိုက်မိသည်

ဘာလို့ခုလောက်ထိ လှရတာလဲ

သေးသေးသွယ်သွယ်ကိုယ်လေးအား
ပိန်ပိန်ပါပါးလေးပေမယ့် နမ်းရှိုက်ချင်စရာအပြည့်.....

ငိုထား၍ထင်သည် မျက်လုံးအိပ်လေးတွေက
ခါတိုင်းထက်ပိုဖောင်းလို့နေခဲ့သည်

ညက သူ့အားကိုယ်လပ်သန့်စင်ပြီး
ဝတ်စုံတစ်စုံဝတ်ပေးကာပေးအိပ်လိုက်သည်အထိ
သူကဘာမှမသိပဲနေခဲ့တာ....

လူကိုတော့ထုံးစံအတိုင်း
နာကျင်အောင်ကုတ်ဖဲ့ ကိုက်ဖဲ့ထားတတ်မူ့ကြောင့်
ကျောတွေမှာတချက်ချက်နာ၏

ပုခုံးမှာလည်းအတူတူနေတိုင်း
တန်ပြန်နှိပ်စက်နေကြမို့.....ဒဏ်ပါဖြစ်နေပြီ

သူမသိလေးလားကိုယ်က အခုလို
ပြန်အနိုင်ယူတာလေးကိုမှ
စွဲလမ်းနေရတာကိုပေါ့....

အပေါ်
ဝတ်ရုံတွေပြန်ဝတ်ကာ
စာကြည့်ဆောင်ဘက်သွားဖို့လုပ်ရတော့သည်

နေခြည်ငယ် အဆောင်ဟာ
ဒီအိမ်ဆောင်တွေထဲကိုယ့်သဘောကျဆုံးအဆောင်
သစ်ပင်တွေ ပန်းပင်တွေ
အရိပ်ရအပင်ကြီးတွေပေါသလို....
အလှငယ်လေးကြိုက်သော နှင်းဆီတွေလည်း
ဒီထဲတွင်ရှိသေး၏

ပြီး ဒီအလှငယ်လေးလည်းရှိသည်

တကယ်တော့ပတ်ဝန်းကျင်အလှဟာ
ပကာသနတွေ
သူသာအနားရှိရင်...ငရဲပြည်တောင်
နေချင်စဖွယ်ဖြစ်နေမှာမို့
အဓိကကသူရှိနေဖို့သာလိုသည်

ဝတ်ရုံရှည်အနက်အား
ပြန်ဝတ်ကာ......နေထွက်လာသည့်
အလင်းအောက် ကုတင်ထက်က
အလှလေးအား တဖန်ငေးကြည့်ရင်း
ခပ်မှေးမှေးပြုံးရင်း နေခြယ်ငယ်
အဆောင်မှထွက်သွားသူ

နှင်းဆီတွေငိုသောနေ့ Nơi câu chuyện tồn tại. Hãy khám phá bây giờ