အပိုင်း။၂။အချစ်နဲ့စစ်၏နည်းဗျုဟာ

2.1K 344 101
                                    

=====အတိတ်ဘဝအတွေးအိမ်မက်======

ထိုနေ့က ကြိမ်ဒဏ်ထိပြီး
၂ရက်လောက်အိပ်ယာထဲလှဲနေသူသည်
သက်သာလာသည်နှင့်
သခင်လေးအားရှာဖွေဖို့
အဆောင်ဘက်သို့သွားဖို့ပြင်နေပြန်၏

"ထယ်ယောင်း"

"ပြောပါ ဦးကြီး"

"ဒါလေး စာကြည့်ဆောင်က
သခင်လေးဆီယူသွားပေးလိုက်
သခင်လေးဧည့်သည်ရောက်နေတယ်"

"ဟုတ်ကဲ့ပါ ဦးကြီး"

##တခြံလုံး သခင်လေးခြေရာအား
ရှာဖွေနေရင်း အမှတ်တမဲ့
လှည့်ခိုင်းလာသော ဦးကြီးကြောင့်
ပျော်ရွင်သွားရသည်။

အခုဆို မြင်ချင်နေသည့်မျက်နာလေအား
မြင်ရတော့မည်မဟုတ်ပါလား...

မုန့်ဗန်းလေးအားကိုင်ရင်းခုန်ပေါက်စွာ
သွားနေသူ။####


"ဟိုလေးရယ် အတူတူနေချင်လှပြီ"

အထဲကအသံတွေကြောင့်
ရိပ်ခနဲရပ်သွားသောအပြင်ကလူတစ်ဦး

"ကျတော်ကရော မနေချင်ဘူးထင်နေတာလား
နေချင်တာပေါ့ ပါပါးက ဒါမျိုးတွေ
ခွင့်ပြုမှာမဟုတ်ဘူး"

"ဒါဆို ကိုယ်အိမ်ကပေးစါးနေတဲ့
မြို့စားသမီးနဲ့ယူလိုက်ရတော့မှာပေါ့.
အဲ့လိုလား ဟိုလေး"

"ကို..အကို တကယ် ကျတော့်ကို
စွန့်ပစ်နိုင်နေပြီလား"

"မနိုင်လို့မေးနေတာပေါ့ ဟိုလေးရာ
ကျစ်!!! ကိုယ်နန်းတွင်းအမတ်မဖြစ်ရလည်း
နေပါ ကိုယ်ငယ်ငယ်က အိုးမား
ပေးထါးခဲ့တဲ့ လက်ဝတ်လက်စားတွေနဲ့
နယ်စွန်ငယ်ကရွှာတစ်ခုမှာ လယ်လုပ်ပြီး
ပဲ ဖြစ်ဖြစ်သွားနေရအောင်နော်

ကိုယ်အပင်ပန်းခံပါ့မယ်။
ဟိုလေးက အိမ်ထဲမှာပဲနေပါ။"

"အကိုရယ်........"

တကယ်ပါချစ်ရသူတစ်ယောက်က
ခုလောက်ထိ ကိုယ့်အတွက်စွန့်စားဖို့
သွေးရဲနေချိန်
ကိုယ်သွေး​ကြောင်မနေသင့်တော့ပေ...။

ထိုစကားအားလုံးတို့သည်
မျက်ရည်များနှင့်လှည့်ထွက်သွားသော
ခြေသံတိုးတိုးတစ်ခုက အပြီးကြားလို့
သွားခဲ့ရချေပြီ။

နှင်းဆီတွေငိုသောနေ့ Where stories live. Discover now