အပိုင်း။၂၈။ကျတော်လည်းထယ်ယောင်းရှီကို...

864 158 38
                                    


"Black? ဟုတ်ပါပြီထိုင်ပါဦး"

"Yess"

ဒီကောင်လေးဟာအတော်လေးကိုသွက်လက်သည်။
ပုံစံလေးက စစတွေ့ချင်းဂျစ်ကန်ကန်လေးလို့
ထင်ရပေမယ့် ချစ်မွေးလိုမျိုးလေးရှိနေသည်။
သူ့မျက်နာလေးကိုမြင်လိုက်ရတာ
ကိုယ့်တူလေးတစ်ဦးကိုတွေ့လိုက်ရသလိုပါပဲ။

"အသက်ကရော"

"ကျတော့်အသက်၁၅ ပါ"

"ဟာ တော်တော် လေးငယ်သေးတာပဲ"

"ဟုတ် သဲငယ် "

ကိုယ့်ကိုသဲငယ်လို့ခေါ်နေတဲ့ပေါက်စကို
စိတ်လည်းမဆိုး ပါ။ ဘာလို့ဆို
သူ့ကိုကြည့်ရတာဒီမှာကြီးခဲ့ပုံလည်းမပေါ်ဘူး

"ဒါနဲ့ မင်းကဒီနိုင်ငံမှာကြီးသူတော့မဟုတ်ဘူးမလား"

"ကျတော်က US မှာမွေး USမှာကျောင်းတတ်သူပါ
အခုက Ommaကဒီကိုအလည်လာဖို့ခေါ်ရင်း
လပိုင်းလောက်လာလည်တာပါ။
ဒီကလူငယ်တွေ part-time jobလုပ်သလို
ကျတော်လည်းလုပ်ခဲ့ဘူးပါတယ် မနစ်ကစပြီးပေါ့၊
အခုဒီရောက်တုန်းလည်းဒီမှာလုပ်ကြည့်ချင်လာလို့
ပါ၊ဒီအတိုင်းအိမ်မှာစားလိုက်အိပ်လိုက်နဲ့ကပျင်းနေလို့ရယ်။ကျတော့်က်ုအလုပ်ပေးပါနော်သဲငယ်"

သူ့အကြောင်းကိုနားထောင်မိလိုက်တော့
တော်တော်လေးသဘောတွေ့သွားမိသည်။
ဒီကောင်လေးကအသက်ငယ်ငယ်လေးနဲ့
ကိုယ့်အားကိုယ် ကိုးချင်ပုံ၊
သူဖြည့်ထားတဲ့ ဖောင်ကိုကြည့်လိုက်ထဲက
သူကတော်ရုံမျိုးရိုးထဲကမဟုတ်၊
ကိုယ်နေတဲ့ရပ်ကွက်ရဲ့တဖက်လမ်းဆိုတာ
ဒါ လုံးဝ သူဌေးတွေနေသောလမ်းတစ်ခုပင်
မဟုတ်ပါလား...

"မင်းအကြောင်းကြားရတာကမဆိုးပါဘူး
အလုပ်မခန့်ရလောက်သည်အထိ
မရှိသေးဘူး။လုပ်ငန်းအတွေ့ကြုံလည်း
ရှိခဲ့တယ်ဆိုတော့ ည​ခြောက်နာရီ ကနေ
ညကိုးဆိုင်သိမ်းတဲ့အထိအဆင်ပြေလား"

"ပြေတာပေါ့သဲငယ်
ကျတော့်ကိုအလုပ်ပေးလို့ကျေးဇူးပါ"

"ဒါနဲ့တစ်ခါထဲပြောပါရစေ
အကို့ကိုအဲ့လိုမခေါ်ပါနဲ့လား
ဒီနေရာကUSမဟုတ်တော့
အပြောအဆိုအခုလောက်မလွတ်လပ်ဘူးလေ
မင်းခေါ်တဲ့အသံမှာတမင်ရိသဲ့သဲ့ဖြစ်နေအောင်
ပြောနေတာတွေမပါတာသိပေမယ့်
အလုပ်ရှင်နဲ့အလုပ်သမားဖြစ်သွားပြီးရင်
လေးစားမူ့တစ်ခုတော့လိုအပ်တယ်လေ။
အကိုပြောချင်တာသိတယ်မလား"

နှင်းဆီတွေငိုသောနေ့ Where stories live. Discover now