အပိုင်း။၁၄။ပြေးထွက်သွားသောဌက်ငယ်လေး

1.3K 209 80
                                    

နန်းရေနန်းမြေဆိုသည်ကကောင်းကင်ဘုံလိုပါပဲ
မလှတဲ့နေရာမရှိမလှတဲ့ပန်းမရှိ
အရောင်သွေးကစုံလှသွေးကခြယ်မူ့တွေက
နှိုင်းရက်စရာကိုမရှိ...

နန်းတွင်းတနေရာရှိဥယျာဥ်တွင်
ခလေးငယ်လေးကိုပိုက်ကာ
လမ်းလျှောက်ထွက်နေသောနေခြည်ငယ်လေး

သစ်ပင်ပန်းမန်များ၏အလှကို
ခံစားရင်းနံနက်ခင်းအားမင်္ဂလာရှိစွာ
သူဖြတ်သန်းနေခဲ့သည်..

အာရုဏ်ဦးနေထွက်ချိန်တွင်
ဘုရားတရားပြုလုပ်ပြီးထားတာမို့သူ့စိတ်တွေအဆုံးစွန်ထိကြည်လင်နေခဲ့သည်..

သားချော့တေးလေးဆိုကာခလေးကို
ချော့မြူရင်းသူသာယာကြည်နူးနေခဲ့သည်

သခင်ကြီးကတော့မိုးမလင်းခင်
စောစောစီးစီးထဲကနန်းသဘင်ကြား
နာရေးမတိုင်ခင်မှူးမတ်မိတ်သဟာများနဲ့
စကားစမြည်းဆွေးနွေးစရာရှိသည့်
အတွက်သူ၏ကြင်သူလေး မနိုးခင်
ကြင်သူ့နဖူးအားနမ်းကာထွက်သွားခဲ့လေပြီ....

"သခင်လေးဒီနှင်းဆီကအရမ်းလှတာပဲနော်.."

"အင်း ဟုတ်တယ် နီနီရဲရဲလေးနဲ့
အပွင့်လည်းကြီးသလိုရနံ့ကလည်းသင်းပျံ့တယ်...."

ခပ်လှမ်းလှမ်းကနှင်းဆီနီရဲရဲကိုကြည့်ပြီး
သူ့စိတ်ထဲဒီနေ့မှပိုကြည်နူးနေသလို.....

ရာသီဥတုကလည်း
နေအေးလေးနဲ့လေအေးတွေတိုက်နေခဲ့သည်...
စိတ်ထဲလည်းတော်တော်လေးနေရတာပျော်နေခဲ့သည်.

.....

"အမတ်ချုပ်ကြီးရဲ့ကြင်သူဆီကို
ကျတော်မျိုးအခစားဝင်ပါတယ် "

နောက်နားခပ်လှမ်းလှမ်းကအသံကြောင့်
သူအပါအဝင်အခြွေရံတွေပင်လှည့်ကြည့်မိတော့
ထိုလူဟာတခြားလူမဟုတ်....ရှေ့ရက်ထဲက
သခင်ကြီး ဆီလာရောက်ခဲ့တဲ့ Leeစစ်သူကြီးသာ...

အရာရှိပေမို့အခြွေရံတွေကလည်း
လမ်းဖယ်ပေးကာခပ်လှမ်းလှမ်းတို့
ရှောင်ပေးခဲ့ကြသည်......

"အရင်ဆုံး ကျတော့်ကိုကျတော်မိတ်ဆက်ပေးပါရစေကျတော်ကLee Hanxing ရဲ့ညီတော် Lee Won ပါ"

"Han?...Han!!!!!"

နန်းတွင်းထဲရောက်လာခဲ့စဥ်ထဲက
သူစိမ်းတွေရှေ့အသံမထွက်ခဲ့သူသည်
တုန်လှုပ်စွာအသံထွက်၍လာခဲ့သည်......
ထိုအသံသည်စို့နစ်နေသောအသံ......
ထိရှနာကျင်နေသောအသံ
အတိတ်ကိုပြေးမြင်နေမိသောအသံ....

နှင်းဆီတွေငိုသောနေ့ Where stories live. Discover now