အပိုင်း။၁၃။မင်းလက်ကလွတ်မြောက်ခွင့်..

1.5K 201 53
                                    

အရှေ့လေအေးများစတင်
တိုက်ခိုက်၍လာလေပြီ......

ဆောင်းဦးရဲ့နစ်စဟာဒီနစ်ကိုလည်း
ကြိုဆိုနေခဲ့ပြီသာ

ခပ်လမ်းလမ်းကမေပယ်ပင်အိုသည်လည်း
အရွက်များခြွေချထားသည်မှာ
တစ်လမ်းလုံး ဖုံးလွမ်းလျှက်သာ.....

အဖြူရောင်ဝတ်စုံဖားဖားလေးဝတ်ဆင်
ထားသောကိုယ်ငယ်လေးသည်အနီးကပတ်ဝန်းကျင်ကိုကြည့်၍ငေးမောလို့...

"အဲ...အင့်...."

"အို့အို့...အိပ်လိုက်တော့နော်
ခလေးလေးအိပ်လိုက်တော့....."

၈လသားအရွယ်သားငယ်လေးကိုပိုက်ပြီး
သူအဆောင်ရှေ့တွင်လမ်းလျှောက်၍နေခဲ့သည်...ညီမလေးဆုံးတာကလည်းမကြာခင်၈လပြည့်တော့မည်ပဲ...

ခလေးနာမည်ကထယ်ဆော့တဲ့
ဆူအင်ကိုမျက်နာပြစရာမရှိအောင်မဆိုင်သူ
ကိုယ့်နာမည်ကိုပါထည့်ပေးထားသူ

ဒါပေမယ့်သူ့ကိုမှလွန်ဆန်လို့မှမရတာ...

သူကတော့တရက်နဲ့တရက်တနေ့ထက်တနေ့
ရာထူးအာဏာတွေကြီးလာသည်မှာ
အရာရာသူ့စိတ်သူ့သဘောအတိုင်းပဲ
အခုဆိုအဆောင်ကိုပင်ထပ်ချဲ့နေသည်မှာ
အနောက်ဘက်ကရေကန်ကြီးအပြင်
တောတန်းတွေပါသူ့စည်းရိုးထဲရောက်ရှိလို့နေခဲ့လေပြီ

အမုန်းလွန်ရင်အမုန်းမရှိတော့တာလား
ဒါမှမဟုတ်သွေးပျက်စိတ်ကုန်သွားတာလားတော့မသိသူ့အနားရှိနေရရင်...ကြောက်စိတ်နဲ့အမှားမပါသွားဖို့ကိုအားစိုက်ရင်းလူဟာ
ကျောက်ရုပ်တစ်ရုပ်လို အသက်မဲ့နေခဲ့ပြီ

နေခြည်ငယ်အဆောင်ကို
ထားခဲ့ရကာအဆောင်အလည်က
ခမ်းနားထည်ဝါနေသောသူအိပ်ဆောင်
တွင်သာပြောင်းနေခဲ့ရသည်....

သူနန်းတွင်းထဲဝင်ရင်လည်းအရင်လို
မထားခ​ဲ့တော့ကာသူနဲ့အတူတူနန်းတော်ထဲဝင်ရသည် ကိုယ်ရံတော်တွေခြံရံကာ အဆောက်ထဲ ပိတ်ထားပြီးသူကတော့နန်းရေးတွေတတ်ရောက်ကြားနာတတ်သည်

နေဝင်မိုးချုပ်အနားတွင်သာနေခိုင်းတော့ကာ
သူ့စိတ်နဲ့သူမိသားစုဆိုပြီးတည်ဆောက်နေခဲ့သည်ကျတော့်အတွက်ကတော့ခလေးငယ်ဟာညီမဆူအင်၏ခလေးသာဖြစ်ကာသူကလည်း
ကျတော့်ကိုအတင်းသိမ်းပိုက်ထားသူသာ..

နှင်းဆီတွေငိုသောနေ့ Where stories live. Discover now