အပိုင်း။၃၀။ မောင်

944 176 45
                                    

"သဲငယ်!!!"

"ဟင်...."

ရုတ်တရက်
လန့်ကာပြန်ထူးလာတဲ့အသံလေး

blackဟာ ဆိုင်ထောင့်တနေရာမှာ
တယောက်ထဲ ပြည်နူးနေသူလေးကခေါ်လိုက်တော့
သူလေးလန့်သွားပုံ

"နောက်ကျနေပြီလေ black
မပြန်သေးဘူးလား"

"ကျတော်ပြောစရာရှိလို့
သဲငယ်ကိုစောင့်နေတာ"

"ဘာပြောဖို့လဲ black"

"ဟို...မနက်ဖြန်မာမီ့မွေးနေ့ကို
အိမ်အလည်ခေါ်ချင်လို့ပါ
မာမီကလည်း သဲငယ်ကိုတွေ့ချင်နေတာ"

"အာ..ဟုတ်လား"

black မာမီကလည်းဒီဆိုင်ကို
ခဏခဏလာနေကြမို့ငြင်းဖို့ကလည်းခက်လှ၏။

"မနက်ဖြန်မနက်ဆိုရင် အကိုအားပါတယ်
နေ့လည်ကြရင်တော့အကိုသွားစရာရှိတယ်"

"ဟုတ်ကဲ့ သဲငယ်ရပါတယ်
ကျတော်မနက်ဖြန်လာခေါ်လိုက်မယ်နော်"

"အင်းးး..."

"ဒါဆို ကျတော်ပြန်ပြီ Good night "

သူ့မာမီက ကိုယ့်ကိုတွေ့တိုင်း
အိမ်အလည်ခေါ်တာ ကိုယ်ကသာ
မအားလို့မလိုက်ခဲ့ရတာ။
အခုသူမက သူမမွေးနေ့မှာဖိတ်တာမို့
သွားဖို့တွေးလိုက်မိသည် ဒါကပါထပ်ငြင်းရင်
ကိုယ်လူမူ့ရေးမရှိသူပါပဲ။
အင်းး ဒီလိုသွားလို့လည်း ထယ်ယောင်းရှီ
ရစ်မှာကိုလည်းခံရနိုင်ပါတယ်။သို့သော်
ငြငိးမကောင်းလို့လက်ခံလိုက်ရသည်။

ပြဿနာက အသွားတုန်းကလည်းဘာမှမဖြစ်
ဟိုမှာလည်းအဆင်ပြေနေကာ စကားပြောနေတုန်းရှိသေး ဝုန်းဒိုင်းကြဲစွာရောက်ချလာတဲ့ထယ်ယောင်းရှိကြောင့်...blackနဲ့ထယ်ယောင်း ပြသနာတွေတတ်မလိုထဖြစ်ခဲ့ကြ၏။

"သဲငယ်နဲ့ခင်ဗျားနဲ့က ဘာမှဆိုင်သေးတာ
မဟုတ်ဘူးနော် ပါဝါတွေသိပ်မပြချင်နဲ့"

"ပြတော့ ဘာဖြစ်လဲ မင်းကဘာကောင်လဲ
မင်းနဲ့ဆိုင်လား" ဆိုပြီး ရင်ဘက်တွေပါပိတ်ဆွဲ
လာကြပြီမို့  ကြားနေဝင်ပြီး အမြန်တားရတော့သည်

ဟုတ်တယ်လေ အခုမှဟိုခလေးက
တစ်ဆယ်စွန်းစွန်းလေး  ဒါကို
ထယ်ယောင်းရှီသာထိုးလိုက်ရင်
အမူ့ကြီးတော့မည်သာ...
ပြီး blackမိဘတွေကလည်း
မခေသောအသိုင်းဝ်ုင်းကမို့
သူတို့ခလေးသာတစ်ခုခုဖြစ်ရင်
လျှော်ပေးမယ့်ပုံမပေါ်၊.

နှင်းဆီတွေငိုသောနေ့ Where stories live. Discover now