အပိုင်း၁၇။၁၈။နေခြည်ငယ်အားတွေ့ရှိခြင်း

1.3K 222 64
                                    

ကံတရားဆိုတာဒီလိုပဲလား

မဆုံချင်တဲ့လူနဲ့မှ
ပက်ပင်းပေးတိုးရတယ်လို့...

ခလေးငယ်လေးအသံမထွက်အောင်
ပါးစပ်လေးကိုပိတ်ထားရင်းကိုယ်ဝန်ကြီးနဲ့
သူမြေပြင်ပေါ်လဲနေမိခဲ့သည်...

သူဆင်းရဲသားအမိပါ သခင်ကြီးလို့ကိုယ်ရံတော်ကပြောလိုက်တော့
သူဘာမှဆက်မပြောကာငြိမ်သွားသည်

ထိုအခါမှမျက်နာကိုတဖက်သို့
ငုံ့လှည့်ထားရင်းခလေးငယ်အား
ရင်ခွင်ထဲဝှက်ကာတဖက်ထောင့်သို့
အားရှိသလောက်ရူန်းကန်ရင်း
ကပ်သွားလိုက်မိသည်...

မမိပါစေနဲ့ဆုတောင်းကတော
ပြည့်ပေးစေချင်နေသလိုသာ....

သူတို့လမ်းကနေအရင်ဖယ်ပေးပြီး
တဖက်အသီးရွတ်သည်၏
စျေးတန်းနားမျက်နာဝှက်ကာပုန်းနေလိုက်တော့သူတို့ဟာပြန်လည်ထွက်ခွာဖို့လုပ်ကြတော့သည်....

လှည်းတန်းကြီးရှေ့ကတရွှေ့ရွှေ့ထွက်ခွာလို့

အပြီးမှာတော့
သူဟာမြေပြင်ပေါ်သို့ခွေယိုင်ကျ
သွားခဲ့ရသည်...

သူတဖက်လမ်းကြားပေါ်ပစ်ချခဲ့သော
အထုတ်တွေကိုလည်း ထိုအနီးမှလူတွေကကောက်ယူလာကာ
သူ့အားလာထူပေးကြသည်....

ဗိုက်ကြီးသည်လေး မို့
အားလုံးကသနားလည်းသနားနေကြပုံ.....

"မာမား ပါပါးးးပါပါးးး...."
ခလေးငယ်ဟာသူ့ပါးစပ်ကိုလွတ်ပေးလိုက်
ထဲကရှေ့ကိုလက်ညိုးထိုးပြီး
သူ့အဖေကိုပြနေခဲ့
သည်ခလေးကမှတ်မိနေတယ်..

သူ့အဖေကိုအခုထိမှတ်မိနေတယ်

"မ မဟုတ်ပါဘူး ပါပါးမဟုတ်ဘူး...
အဲ့လိုလိုက်မခေါ်ပါနဲ့ခလေးရယ်
မာမားတို့ပြသနာတတ်သွားလိ်မ့်မယ်...
မာမားကိုသနားရင်အဲ့လိုတွေ
လိုက်မခေါ်ပါနဲ့နော်
ပါပါးမဟုတ်ပါဘူး
သူကမင်းပါပါးမဟုတ်ပါဘူး...."

"ပါပါးးး ဝါးး ပါးပါးးး"

ခလေးဟာပြောမရတော့တာမို့
ခပ်မြန်မြန်သာ
ဆောင်ကြာမြိုင်ဘက်ဝင်ဖို့လုပ်ရတော့သည်
နောက်ပြန်လှည့်လာလို့ကြားသွားရင်..
မဖြစ်ဘူး...ဒီမှာဆက်နေလို့မရဘူး...

နှင်းဆီတွေငိုသောနေ့ Where stories live. Discover now