အပိုင်း။၃၄။ကောက်ညှင်းလုံးလေး

1.4K 152 127
                                    

ခန်းနားထည်ဝါစွာ ရှိနေသော
အိမ်ကြီးအဆောင်ကြီးတစ်ခုဟာ
အပ်ကျသံတောင်ကြားရသည်အထိ
တိတ်ဆိတ်နေခဲ့၏

အိမ်ကြီးဟာအရင်နစ်ပေါင်း
၅၀၀က တောင်ပေါ်ကအဆောင်ကို
ခေတ်မှီနည်းပညာတွေနဲ့ပြုပြင်မွန်းမံထားသော သူတို့ရဲ့ အိမ်ကြီးပေမို့
သူတို့ဟာအရင်နစ်များစွာက
အတူတူနေခဲ့ကြတဲ့အတိုင်းအခုလည်း
အတူတူနေခွင့်ပြန်ကြလေကြ၏။

မတူညီတာကအရင်ဘဝက
ထွက်ပြေးဖို့ကြီးလုပ်ခဲ့သော
သဲငယ်ဟာအခုကြ ဒီအဆောင်ကြီးထဲ
ပျော်ရွင်စွာ သူ၏မောင်နဲ့နေခဲ့လေတော့၏။

"မောင် ကတော့...အမြဲဒီလိုပဲ"

နိုးလာပြီဖြစ်သော နေခြည်ငယ်၏
နုတ်မှထိုမြွတ်ဆိုသံ...

ဆယ်ယောက်လောက်အိပ်လို့ရတဲ့
ကုတင်ကြီးပေါ်ကြင်သူလေးအား
ရင်ခွင်ထဲထည့်ဖက်ကာအိပ်နေသော
သခင်ကြီးဟာမနက်အလုပ်သွားချိန်
သဲငယ်မနိုးမခြင်းမထတတ်သူရယ်သာ

...

မျက်စိနစ်လုံးဖွင့်လို့ အရင်မြင်ရသည်က
မောင့်မျက်နာလေးနဲ့အခန်းထဲက
မင်္ဂလာဆောင်တုန်းကပုံတွေများသာ

နံရံပြည့်အကြီးကြီးမှ ဟီးထနေအောင်
ရိုက်ထားတာမို့ အရမ်းကိုလှသောခန့်သော
ပုံတွေဟာနံရံအပြည့်လှပစွာသာ..။

အနမ်းပေးနေတဲ့ပုံတွေအပြင်
ရိုးရာဝတ်စုံနဲ့ မောင်နဲ့အကြည့်ခြင်း
ပြိုင်နေတဲ့ပုံတွေ
..
ပုံတွေတိုင်းမှာကိုယ်ရောမောင်ရောက
အရမ်းကိုပျော်နေကြတာလေ။

......
......

ပြတင်းဖွင့်လိုက်တာနဲ့
ပြေပြေလေးတိုက်ဝင်လာသော
လေအေးလေး

တောင်ပေါ်ကအိမ်မို့
လေအေးတွေနဲ့သစ်ရိပ်ဝါးရိပ်က
အဖော်လိုဖြစ်နေပြီး
အတော်လေးအေးချမ်း၏

ဒီမှာနေရတာက
နစ်အကြာကြီးခွဲခဲ့ရတဲ့ကိုယ်နေခဲ့ဘူးတဲ့
နေရာတစ်ခုကို
ပြန်ရောက်လာသလို....
အရမ်းကိုနေသားကျနေပြီး
နွေးထွေးသလိုရှိနေ၏။

ဒါကရူးကြောင်ကြောင်နိုင်ပေမယ်​့
တကယ်ကြီးထိုသို့ခံစားခဲ့ရ၏။

နှင်းဆီတွေငိုသောနေ့ Where stories live. Discover now