အပိုင်း။၂၃။အမုန်းဖွဲ့တေး

1K 186 86
                                    

ဆောင်းလေတွေတိုက်နေတဲ့ညအချိန်
ကျုဝါးရုံတွေလေယူရာယိမ်းရင်းဖြစ်ပေါ်နေသောအသံရှရှတွေရယ်
ညကောင်လေးတွေအော်နေသော
ခပ်မှောင်မှောင်တောအုပ်တန်းဆီက
အသံတွေရယ်က အတိုင်းသားကြားနေခဲ့ရသည်..

အဆောင်တော်က တောင်ပေါ်မှာမို့
သဘာဝတရားတွေနဲ့အရမ်းနီးစပ်နေခဲ့သည်
မဟုတ်ပါလား...

လေပြေအေးတွေတိုက်နေတဲ့
တံခါးငယ်တချက်အားဖွင့်ကာ

ညမီးအိမ်တွေထွန်းထားတဲ့အပြင်ကိုငေးကြည့်နေမိသည်...

စစ်သူကြီးဆီကအကြောင်းကြားစာရရှိထားပြီမို့ မကြာခင်ကြီးမားတဲ့အပြောင်းလဲတွေနဲ့ကိုယ်ဟာရင်ဆိုင်ရနိုင်တော့သည်...

မွေးဖွားခါနီးဗိုက်ထွားထွားလေးအား
လက်ဖြင့်အပေါ်ကအုပ်ကိုင်ရင်း
ရှေ့ရေးအတွက်ရင်လေးမိနေသလို...

ခလေးငယ်ကိုမွေးပြီးထားသွားဖို့လည်း
တွေးမိသလို အပါခေါ်သွားဖို့လည်းတွေးနေမိသည်...

အပါးခေါင်းချသွားတဲ့နေရာကို
တခေါက်လေးပဲဖြစ်ဖြစ်ပြန်ချင်မိသည်...

ဒါ့အပြင်
သူ့အနားကလွတ်ရင်ပြီးရော
သေသွားလည်းအေးမည်။..

အခုတောင်ခြေထောက်မှာအချုပ်နှောင်နဲ့ ဘဝကခွေးသာသာအလား..

မုန်းတယ် သူရဲ့လူကိုမွန်းကြပ်နေအောင်ချစ်တဲ့စိတ်တွေကိုသိပ်ကိုမုန်းတယ်..

သူရဲ့အတ္တတွေကိုမုန်းတယ် သူ့ရဲ့သူ့ခံစားချက်ကိုသာဦးစားပေးတဲ့ တစ်ကိုယ်ကောင်းစိတ်ကိုမုန်းတယ်...

လူကိုအရုပ်တရုပ်လိုဆင်ဆံတဲ့သူ့ကိုမုန်းတယ်...မင်းကိုအမုန်းနဲ့ပဲတန်တယ် မုန်းဖို့ပဲထိုက်တန်တယ်

"အ့......"

ခပ်သေးသေးအော်သံလေးနဲ့ဗိုက်ကိုဖိကာ
ထိုင်ချရင်း
အော်လိုက်တဲ့နေခြည်ငယ်....

ကြည့်ရတာခလေးက သူ့ဗိုက်ကိုကန်လိုက်သလိုသာ
အမြဲတမ်း အဲ့ဒီလူကိုမုန်းတယ်ပြောတိုင်း
ခလေးက ကန်သည်..

"မင်းကမာမားကိုမချစ်ဘူးလား
သူကလူဆိုးလေ..လူဆိုးကိုမင်းလည်းမုန်းထိုက်တယ်လေ ဘာလို့မာမားကိုကန်ရတာလဲ မင်းအရမ်းဆိုးတာပဲ..မင်းမာမားကိုမချစ်ဘူး...အခုမင်းကန်လိုက်တာ
မာမားနာလို့မတ်တပ်မရပ်နိုင်တော့ဘူး
အဲ့တာသိလား ...."

နှင်းဆီတွေငိုသောနေ့ Where stories live. Discover now