1~//CEOမင်္ဂလာပွဲမှာလုပ်ကြံခံရတယ်//

Start from the beginning
                                    

‌ကိုယ့်အနီးအနားကသူတွေကပဲ ကိုယ့်နောက်ကျောကိုဓားနဲ့
ထိုးသွားကြတယ်။

ထပ်ပြီး သူငယ်ချင်းဆိုတဲ့ခွေးသူတောင်းစားကပါထိုလင်ပါ
သားနဲ့ပူးပေါင်းကာ သူ့ကိုနောက်ကျောကဓားနဲ့ထိုးနေတာ
ဖြစ်တယ်။

ရှောင်းကျန့်မှာ အသက်ရှင်ချင်စရာစိတ်တစ်စက်မှရှိမနေ
တော့ဘူး။ ဟုတ်သား ရှင်လို့လည်းမရတော့ဘူး သူကသေပြီးနေ
ပြီပဲကို။

လုံး၀မထင်ထားခဲ့တဲ့အမှန်တရားတစ်ခုကတော့ သူအမြဲတမ်း
အနိုင်ကျင့်ခဲ့သူ့အတွင်းရေးမှူးက သူ့ကိုကြိတ်ကြိုက်နေတယ်
ဆိုတာပါပဲ။ ဒီအမှန်တရားကမှ သူ့ကိုထိတ်လန့်အောင်လုပ်နိုင်
တာဖြစ်တယ်။

၀မ်ရိပေါ်ဆိုတဲ့ကောင်လေးဟာ လွန်ခဲ့တဲ့ငါးနှစ်ကတည်းက
သူ့အဖွားစနက်နဲ့ ရှောင်းကျန့်အတွင်းရေးမှူးရာထူးကိုရခဲ့တာ
ဖြစ်တယ်။ ထိုကောင်လေးကတကယ်အူလည်လည် ဆံပင်အ
မည်း ခပ်အုပ်အုပ်ကလေးနဲ့ မျက်မှန်ထူထူက မျက်နှာရဲ့တစ်
၀က်လောက်ရှိတယ်။ အနိုင်ကျင့်ချင်စရာပုံစံလေးမို့ အလုပ်
တွေတစ်ပုံ‌တစ်ခေါင်းခိုင်းတယ် အချိန်ပိုတွေဆင်းခိုင်းပေါင်းစုံ
ကိုအနိုင်ကျင့်ခဲ့တာပေါ့။အလုပ်လုပ်ရင်တော့တိကျသေချာတာ
ကြောင့် သူ့ကိုဖြုတ်မချနိုင်ခဲ့။ ရှောင်းကျန့်ကအတွင်းရေးမှူး
လှလှလေးခန့်ချင်တာဖြစ်တယ်။

ဒါကြောင့်မို့ပဲ သူလည်းမရှုမလှအသက်ရှုကြပ်ပြီးသေခဲ့ရတာထင်
ပါ့။ ဒီလိုနဲ့ လေလွင့်ဝိညဉ်ဘ၀မှာ ဘယ်မှမသွားချင်တာနဲ့ ထို
ကောင်လေးအိမ်ထဲရောက်နေခဲ့တယ်။ ဒီကောင်လေးဘယ်လောက်
တောင်တော်တော်ဖြစ်နေလဲဆိုရင် သူ့ကိုယ်သူတောင်သတ်သေ
ဖို့ကြိုးစားပါတယ်တဲ့ဗျာ။ လက်ကောက်၀တ်ကိုသူ့ရှေ့မှာဓား
နဲ့ဖြတ်ချနေပေမယ့် သူတားလို့မရခဲ့ဘူး ။ ကံကောင်းထောက်
မစွာနဲ့ပဲ သူ့အကိုဖြစ်သူက၀င်လာပြီးအချိန်မှီတားနိုင်ခဲ့လို့အသက်
မသေသေးတယ်။ မဟုတ်ရင် ခုလောက်ဆို သူနဲ့ရှောင်းကျန့်နဲ့
အဖော်လုပ်လို့ရနေလောက်ပြီ။

ရှောင်းကျန့်ကတကယ်ပဲမကောင်းပါဘူး။ ရိပေါ်အိမ်မှာနေပြီး
ရိပေါ်ရေချိုးတာကအစလိုက်ချောင်းကြည့်မိပါတယ်။ ကြည့်
နေရင်း နောက်ကမြင်နေရတဲ့ဖင်ဖြူဖြူလေးက ပေါက်စီလေး
လိုပဲ။ နောက်ဘ၀လူဖြစ်ရင် ပေါက်စီများများ၀ယ်စားရမယ်ဟု
ထပ်မံကြုံးဝါးလိုက်သည်။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now