"ဟော့လေးလည်းတနေ့ချစ်ပေးမဲ့သူရှိလာမှာ
.... ဟုတ်တယ်မလား "

ဆယ်ဟွန်း အပြောကိုပြုံးစစလုပ်ရင်းခေါင်းညိတ်ပြသည်။

"ကျန်းမာရေးကောင်းဖို့ကအရေးကြီးဆုံး
အစ်ကို့ကိုအခုလိုစိတ်ချမ်းသာပြီးပျော်နေ
လို့ရောကျန်းမာနေလို့ရောဝမ်းသာတယ် "

နှစ်ယောက်စကားကောင်းနေတုံးဟော့လေး
ဖုန်းကခဏခဏတုန်ခါနေလေရဲ့။

"ကိုင်လိုက်လေ ဟော့လေး "

"ဖုန်းသရဲတွေဆက်တာ အစ်ကို "

ဆက်တိုက်ခေါ်နေသောအဆုံးဟော့လေး
ဖုန်းကိုင်လိုက်သည်။

"ဘောမို့သေမလိုခဏခဏခေါ်နေရလား
ခင်ဗျားစောင်လုပ်မရှိဘူးလား....
#$%^&&* ''

ဆယ်ဟွန်း မှာဒေါသတကြီးဆဲနေသော
ဟော့လေးကိုအံ့သြကာကြည့်နေမိသည်။

"ပြန်တော့မယ် အစ်ကိုရေ
ကျွန်တော် စာရင်းရှင်းမှဖြစ်တော့မယ်
ဒီပြင့်ဆို သေမလိုတောက်လျောက်ဆက်နေတာ "

ချက်ချင်းနှုတ်ဆက်ကာထပြန်လေသော
ဟော့လေး။ဆယ်ဟွန်းလည်းအိမ်အပြင်ဘက်ထိလိုက်နှုတ်ဆက်လိုက်သေး။ကိုကိုကခြံထဲစာဖတ်နေတာမို့ကိုကို့အနားလျောက်သွားတော့သူ့ကိုတွဲကာခုံမှာထိုင်စေတယ်။

"သူအကြာကြီးစကားကောင်းမယ်ထင်နေတာ
ပြန်တာမြန်လှချည်လား "

"ဖုန်းအသကုန်ခေါ်နေလို့စိတ်တိုပြီး
ပြန်သွားတာ၊စာရင်းရှင်းမယ်ဆိုလား "

"ဟုတ်မှာဘာ
ခုနသူ့နောက်ကကားတစ်စီးပါလာတယ်။
ကိုယ်တို့ခြံနားဘဲရပ်ထားပြီးအပြင်ထွက်ပြီး
ဟိုဒီကြည့်နေတာ၊ပုံကတော့ကိုယ့်ထက်တောင်အရပ်မြင့်သေးဘော်ဒီတောင့်တောင့်နဲ့အနောက်တိုင်းစပ်ပုံမျိုး "

"ဟုတ်မှာဘာခုနသူ့နောက်ကကားတစ်စီးပါလာတယ်။ကိုယ်တို့ခြံနားဘဲရပ်ထားပြီးအပြင်ထွက်ပြီးဟိုဒီကြည့်နေတာ၊ပုံကတော့ကိုယ့်ထက်တောင်အရပ်မြင့်သေးဘော်ဒီတောင့်တောင့်နဲ့အနောက်တိုင်းစပ်ပုံမျိုး "

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Marriage Life ( ChanHun )Where stories live. Discover now