"ကိုကို "

အခန်းထဲကအော်သံလေးကစူးကနဲထွက်လာလို့ချန်းယောလ်မှာသည်းငယ်သောက်ဖို့ပြင်နေထားတာလေးယူကာဝင်သွားရသည်။

"ဘာဖြစ်လို့လဲ သည်းငယ် "

"ဘာဖြစ်တာလည်းကနောက်ထား
ဒီမှာကြည့်ဦး... ဘာလို့ကိုက်ထားရတာလဲ
ကိုကိုခင်ဗျားကခွေးလား "

သည်းငယ်ရယ်ပြောချတာများအားပါးတရ
* ကိုကိုကခွေးလား * ဆိုတာက...

"သည်းငယ်ရာ အဲ့ချိန်ကကိုကိုလေစိတ်မထိန်းနိုင်ဘူးလေ... ကိုကို့ကိုဘဲအပြစ်မတင်နဲ့ဦး... သည်းငယ်ကိုယ်တိုင်အကိုက်ခံပြီး... "

ရန်တွေ့နေသောဆယ်ဟွန်းနင်သွားရသည်။
ကိုကိုပြောတာလည်းမှန်တယ်မလား။
အဲ့အချိန်ကနာကျင်တာဘာညာလည်းမတွေးမိလောက်အောင်မိမိကိုယ်တိုင်ကအရမ်းစိတ်ပါခဲ့သည်။

"သည်းငယ်စိတ်ဆိုးချင်လည်းနောက်မှဆိုး
အခုခေါင်းကြည်ပြီးနေလို့ကောင်းအောင်
ဖျော်ရည်လေးသောက်လိုက်၊ပြီးမှမနက်စာ
စားရအောင် "

ကိုကိုပေးသောဖျော်ရည်ခွက်ကိုမြန်မြန်ယူပြီးသောက်ချလိုက်သည်။အား သေတော့မယ်။
နှုတ်ခမ်းသားတွေပါနာနေတာ။
လူကတဖြည်းဖြည်းနဲ့နာကျင်မှုကိုခံစားလာရသည်။သေလိုက်စမ်း အိုဆယ်ဟွန်းရေ။

"အရမ်းနာနေမှာဘဲ သည်းငယ်လမ်းလျောက်ရအဆင်မပြေဖြစ်မယ် ဘာလုပ်ချင်လဲ ကိုကို့ကိုပြော "

"ချီ... ရေချိုးခန်းထဲပို့ပေး "

ချန်းယောလ်ရီလည်းမရီရက်ပါ
သည်းငယ်အတော့်ကိုနာနေတာ၊သူကလည်းသူအတော်နဲ့မရပ်နိုင်၊ချုပ်တီးထားသမျှလွတ်ချလိုက်သလိုအသွေးအသားဖလှယ်မှုကို
စိတ်စေရာအတိုင်းလုပ်ချလိုက်မိတာ။

နောက်ဆိုသူ့အလိုကိုမလိုက်မှ။လူကနာနေတာသေမလိုဘဲ။အပေါ့သွားပြီပြီးမို့သူ့ကို
လှမ်းမခေါ်တော့ဘဲဖြည်းဖြည်းချင်းထွက်လာလိုက်သည်။ရေချိုးခန်းထဲကမှန်မှာမိမိကိုယ်ပေါ်ကအရောင်ရင့်အမှတ်တွေကိုကြည့်ရင်း
ကိုကို့ကိုစိတ်ဆိုးချင်နေပြီ။တော်ရုံမဟုတ်ဘူး။တော်တော်ကြမ်းကြမ်းကြီးသူတို့ကိုယ်ခန္ဓာနှီးနောခဲ့ကြတာပါလား။
မဟုတ်သေးပါဘူး။အစပိုင်းကကိုကိုအတင်းလုပ်ယူတာမှန်တယ်၊နောက်ပိုင်းကျတော့
သူကိုယ်တိုင်ကလိုလိုလားလားနဲ့ကိုကို့ကို
တောင်းဆိုတာ။ပုံရိပ်အချို့ကိုပြန်မြင်ယောင်တော့မျက်နှာထက်ပူရှိန်းရှိန်းဖြစ်လာသလိုခံစားရသည်။ငါတော်တော်အရှက်ကုန်သွားတာပါလား။

Marriage Life ( ChanHun )Where stories live. Discover now