ဆယ်ဟွန်း ဖြေစရာစကားမရှိတော့။
ဘယ်လိုတောင်စကားနာထိုးရစ်နေပါလိမ့်။

"ကိုကိုရာချစ်တယ်ပြောတာကအဖြေပြန်ပေးတာဘဲလေမကောင်းတတ်လို့ဆိုတာဖြစ်မလား "

"သေချာလို့လား "

"သေချာတာပေါ့ သည်းငယ်ကမချစ်ဘဲအဖြေပြန်ပေးမလား "

"ဒါဆိုနမ်း
သေသေချာချာလေးနမ်းနော် သည်းငယ်
ဒါမှကိုယ်ယုံမှာ "

ဆယ်ဟွန်း လည်းနားငြီးသက်သာပြီးရော
ပါးတစ်ဖက်ကိုနမ်းတာမကျေနပ်တဲ့ရုပ်ကြီးနဲ့ကြည့်နေတာ။

"ကလေးအထာတွေမလုပ်ပါနဲ့သည်းငယ်
ကိုယ်ကလူကြီးဖြစ်နေပြီ
လူကြီးလိုနမ်းပေး "

ဆယ်ဟွန်း သက်ပြင်းလေးချလိုက်ကာ
သူ့နှုတ်ခမ်းဆီကိုယ့်နှုတ်ခမ်းထိကပ်လိုက်သည်။ပြီးနောက်ပြန်ခွာလိုက်သည်။

"မရဘူး
လူလည်မကျနဲ့သည်းငယ်
မနမ်းတတ်ရင်ကိုယ်နမ်းမယ် "

နေမကောင်းဖြစ်ထားသောလူမမာကအတော်အားသန်သည်။ဆယ်ဟွန်းရုန်းမရအောင်ခါးသိမ်သိမ်ကိုမြဲမြံစွာဆုပ်ကိုင်ထားပြီးဆယ်ဟွန်းနှုတ်ခမ်းကိုစုပ်ငုံနမ်းတော့သည်။
နမ်းရုံရိုးရိုးနဲ့ရပ်မသွားဆယ်ဟွန်းနှုတ်ခမ်းလေးပွင့်ဟသွားအောင်သူ့လျှာကစွမ်းဆောင်လာသည်။

လူမမာလာပြုစုရင်းအစားများခံရမလား
တွေးကာဆယ်ဟွန်းရုန်းရတော့သည်။မရုန်းလို့လည်းမဖြစ်။ခါးကိုဆုပ်ကိုင်ထားရာကနေ
အောက်ကိုလျောကာတင်ပါးလုံးလုံးကိုဖိညှစ်နေပြီမလား။ထင်ထားသည့်အတိုင်းပါဘဲ
လူမမာကအားသန်လှသည်။ဆယ်ဟွန်းကို
အိပ်ရာပေါ်တွန်းလှဲချကာတက်ဖိထားလေပြီ။

"ကိုကို လွတ်ကွာ နေမကောင်းဘူးသာပြောတယ် အားသန်ချက် "

ဆယ်ဟွန်း လည်တိုင်ကိုစုပ်နမ်းနေတာမို့
ညီးထုတ်ချင်နေတဲ့မိမိလေသံကိုမနည်းထိန်းကာပြောနေရသည်။မဖြစ်သေးပါဘူး။
လူဆိုးကြီးခေါင်းကိုမနည်းတွန်းဖယ်ရသည်။
ဒါတောင်သွေးစုပ်မျော့လိုဆယ်ဟွန်းညှပ်ရိုးကိုစုပ်နေတာကတော်တော်နဲ့လွတ်မပေး။

"ကိုကိုနော်ပြောတော့ရိုးရိုးသားသားချစ်ပါမယ်ပြောပြီး "

"အခုလည်းကိုကိုကသည်းငယ်ကိုရိုးရိုးသားသားချစ်ပေးမလို့လေ... "

Marriage Life ( ChanHun )Where stories live. Discover now