ကျွန်တော့်မွေးရက်ကအခန်းဖွင့်ဖို့လျှိုဝှက်ဂဏန်းလုပ်ထားတာ။အခန်းကိုသူဝယ်ထားလိုက်တယ်လို့ပြောခဲ့တာ။ဒါိဆိုမပြောင်းလဲဘဲသူထားလေမလား။သိလိုစိတ်ရော
ရင်ခုန်ခြင်းရောပေါင်းကာဆယ်ဟွန်းလက်ဖျားအေးလာသည်။

ဂဏန်းတွေနှိပ်ပြီးတော့အခန်းကပွင့်သွားခဲ့ပြီ။ဆယ်ဟွန်းဒီတိုင်းလေးရပ်ကြည့်နေမိသည်။တကယ်ဘဲဒီအတိုင်းဘဲထားတယ်လား။အခန်းထဲသူဝင်လာလိုက်သည်။
လူမနေသည့်ဟန်မရ။သူခဏခဏလာပြီး
အခန်းသန့်ရှင်းရေးလုပ်တယ်ပြောတာတကယ်ပေါ့။

ဆယ်ဟွန်းတ်ို့အိပ်ခန်းလေးထဲဝင်လာလိုက်သည်။ကုတင်စွန်းဝယ်ဝင်ထိုင်ရင်းအတိတ်ပုံရိပ်တို့ကြောင့်ရင်တလှပ်လှပ်ခုန်လာသည်။
ကုတင်ထက်ကပုံရိပ်တချို့ကြောင့်မျက်လုံးတွေမှိတ်ချလိုက်မိသည်။ပါးတွေရဲကာပူရှိန်ရှိန်ဖြစ်လာတယ်။

* ကိုကိုသိပ်ဆိုးခဲ့တာမလား *

အခန်းထဲဟိုဒီကြည့်ပြီးအခန်းပြင်ထွက်လာလိုက်သည်။အသက်ရှုရပ်သွားရပြီ။
ဆယ်ဟွန်း ဘာလုပ်ရပါ့။
ရင်ဆိုင်မကြည့်ရဲလို့ခေါင်းငုံလိုက်မိသည်။
အတန်ကြာထိစကားသံထွက်ပေါ်မလာခဲ့ဘူး။

နှုတ်ခမ်းငယ်ကိုဖိကိုက်ထားရင်းမော့ကြည့်မိချိန်ဆယ်ဟွန်းရင်ထိတ်သွားရသည်။

"ဒါက ဘယ်လိုဖြစ် ''

လက်ဝယ်ပက်တီးပေါ်ဝယ်သွေးတို့ကစိမ့်ထွက်လို့ကာရယ်နှုတ်ခမ်းထောင့်ပါထိခိုက်ဒဏ်ရာကအထင်သား။
တုန်လှုပ်စွာသူ့ဘေးရပ်ကာမေးမိပြီ။

"ဒီလိုဘဲ ကိုယ်ပြန်တော့မယ်
ဟွန်း သက်တောင့်သက်သာနေပါ "

ဆယ်ဟွန်း ကတကယ်ရူးနေခဲ့တာပါလား။
သူ့လက်ကိုဖမ်းဆွဲထားမိသည်။

"ရပါတယ် အားမနာနဲ့
ကိုယ်ခဏဝင်လာတာ
ဟွန်းသက်တောင့်သက်သာနေပါ
ပြီးမှပြန် "

"မဟုတ်ဘူး
ဒဏ်ရာကသွေးစိမ့်နေလို့..  အဲ့ဒါ "

မဝံ့မရဲနဲ့သူ့လက်ကိုဆွဲထားပြောနေတာလေး
ချန်းယောလ် ဘာလုပ်ရမလည်း။
သူ့ကိုတွေ့ရင်စိတ်ပင်ပန်းတယ်ပြောထားလို့
ထွက်သွားမယ်ပြောတာလေ။အခုကျတော့
ထားတော့ မင်းစိတ်ကြိုက်သာလုပ်တော့
ဒီကောင်ကနာခံမှာမို့။

Marriage Life ( ChanHun )Unde poveștirile trăiesc. Descoperă acum