"ချစ်ခြငးမုန်းခြင်းတွေအဝေးမှာကျွန်တော့်ဘဝအသားကျနေစပြုပြီမို့မလာပါနဲ့တော့ "

တိတ်ဆိတ်သွားသောအခန်း
ချန်းယောလ် စကားမဆိုတော့ဘဲမျက်ရည်သုတ်လို့အခန်းပြင်ထွက်လာလိုက်သည်။

ဆယ်ဟွန်း နှုတ်ခမ်းကိုဖိကိုက်ထားမိသည်။
မသိတော့ဘူး ။ ဆယ်ဟွန်း ကိုယ့်စိတ်ကိုယ့်ဘာသာလည်းနားမလည်တော့ဘူး။

မုန်းလည်းမုန်းတယ်။
စိတ်လည်းနာတယ်။
ပြန်လည်းမတွေ့ချင်ဘူး။

ဒါပေမယ့်

ဆန့်ကျင်ဖက်အခြမ်းကတော့
ကိုကို့ကိုမျှော်လင့်နေဆဲ
ချစ်နေဆဲ
အချိန်တိုင်းအတူရှိချင်နေဆဲ

ဆယ်ဟွန်း တကယ်ရူးနေတာဖြစ်မှာ။

+ Marriage Life +

ဆယ်ဟွန်း ကိုဆိုင်ရှေ့အထိလိုက်ပို့ပေးသည်။ဒါပေမယ့်စကားတစ်ခွန်းမဆိုတော့သောသူ။

"အစ်ကိုရာစိုးရိမ်လိုက်ရတာ "

အပြေးကြိုသူဂျူဟော့
ဆယ်ဟွန်း လက်ကာပြပြီးနားဖို့မိမိအခန်းဆီဝင်လာလိုက်သည်။

"ကျွန်တော် တောင်းပန်ပါတယ် "

"ငါ နားအုံးမယ်
နောက်မှပြောကြရအောင် ဟော့လေး"

ပိတ်ချလိုက်သောမျက်ဝန်းထောင့်က
ပူနွေးသောမျက်ရည်တို့ကျလာပြန်သည်။
ရင်နာလိုက်တာ ကိုကို
ကျွန်တော်ကရူးနေတာ။
မသိတော့ဘူး။
ဘာမှမသိချင်တော့ဘူး။

ကိုကိုငိုတယ်။
ကျွန်တော့်ကိုကျောခိုင်းကာထွက်ခွာသွားတဲ့ကိုကို့နောက်ကျောပြင်ကိုကြည့်တာနဲ့နင့်နင့်သည်းသည်းငိုနေမှန်းသိတယ်။
မငိုပါနဲ့ဗျာ
ကိုကိုငိုရင်စိတ်မနာနိုင်တဲ့တဖက်ခြမ်းမှာ
ရင်နာရလွန်းလို့။

အစ်ကိုငိုနေမှန်းဂျူဟော့သိတယ်။
လျှို့ဝှက်ချက် တွေများလိုက်တာအစ်ကိုရာ
သိခွင့်မပေးတဲ့အကြောင်းအရာအချို့ကို
ကျွန်တော်လည်းမသိချင်ဘူး။တစ်ခုပါဘဲ
အစ်ကို့ကိုပိုင်ဆိုင်ချင်မိတယ်။ဒါကလည်း
ဝမ်းနည်းနေတဲ့အစ်ကို့ကိုရင်ခွင်ထဲထားလို့
နှစ်သိမ့်ပေးချင်မိတာ။

Marriage Life ( ChanHun )Où les histoires vivent. Découvrez maintenant