"အဲ့ဘဲကြီးကမဟုတ်သေးပါဘူး "

အနီးကပ်ဟော့လေးစကားမှာသူခိုးလူမိသည့်နှယ်ထိတ်လန့်သွားသည်။

"ဘာမဟုတ်တာလည်း ဟော့လေးရ "

"သူကအစ်ကိုဆယ်ဟွန်းကိုဒီဘဲကြီးကကြောင်နေတယ်ပြောချင်တာ" မူယောင်းကဝင်ထောက်လေရဲ့....

"မဟုတ်တာကွာ
မင်းတို့ကလည်း...... ''

တရားခံစစ်သလိုစိုက်ကြည့်လာသောဟော့လေးအကြည့်တို့ကိုသူမသိချင်ယောင်ဆောင်နေလိုက်ရသည်။

ပေါင်မုန့်စားနေတာကြည့်ပြီးဆယ်ဟွန်းမြင်ယောင်လာတာကအတိတ်ပုံရိပ်တချို့။
မနက်စာကိုကိုရီးယားလိုထမင်းစားတာထက်
အနောက်တိုင်းစာကြိုက်သောသူ့အကြိုက်တချို့။အခုထိကောအချိုကဲတဲ့အရသာ
ကြိုက်တုန်းလား ကိုကို ။

ပေါင်မုန့်တူတူစားရင်းတောင်ဟွန်းလေးစားနေတဲ့နေရာကပိုချိုသလားဆိုပြီးအတင်းနှုတ်ခမ်းကိုနမ်းမိမတတ်လုစားတဲ့သူ။
လှသောအတိတ်ရှိခဲ့တာပါလား။
သူ့ဆီအကြည့်ရောက်မိချိန်သူကလည်းငေးကြည့်နေသည်။ဆယ်ဟွန်းဘက်ကစလို့
အကြည့်လွှဲလိုက်သည်။

+ Marriage Life +

ချန်းယောလ် အလိုတိုင်းဆိုအခုချက်ချင်းလက်ဆွဲကာကားပေါ်တင်လို့ခေါ်သွားလိုက်ချင်တယ်။ဒါပေမယ့်စောင့်ဆိုင်းရမယ်ဆိုတာသူသိတယ်။အနည်းနဲ့အများသူ့အပေါ်စိတ်နာသွားလောက်တယ်ဆိုတာတွက်ပြီးသား။တမင်ပုန်းရှောင်ခဲ့သူကိုအတင်းအဓမ္မပြန်ခေါ်ရင်သူ့ကိုထပ်မံစိတ်နာစေသလိုဖြစ်
မှာကြောက်မိတယ်။
ဖြည်းဖြည်းချင်းအနီးလေးမှာရှိကာရယ်
သူ့ချစ်ခြင်းကိုခံစားသိစေဖို့ကြိုးစားရမယ်မလား။

သူဒီတခါနေ့လည်လာပြီးညနေစောင်းထပြန်တော့အံ့သြနေပုံနဲ့ကြည့်လာသည်။
ချန်းယောလ် ပြုံးလို့နှုတ်ဆက်စကားပြောပြီးထွက်လာလိုက်သည်။
စာတစောင်တော့လက်ထဲအရောက်ပို့ခဲ့ပြီ။

သူပြန်တော့ဆယ်ဟွန်းအံသြကျန်ခဲ့သည်။
စာလေးကိုဖောက်ဖတ်ချင်စိတ်ပြင်းပျနေတယ်။သူကောင်တာကထွက်ခွာလို့ဘေးဘက်ကလူရှင်းနေသောခုံတခုံဆီဝင်ထိုင်လိုက်သည်။စာအိတ်ကိုလက်တုန်တုန်နဲ့ဖောက်လိုက်မိသည်။

Marriage Life ( ChanHun )Место, где живут истории. Откройте их для себя