သူတို့ဆီစာအိတ်လေးပေးသည်။ရှစ်ရွှင်းဖောက်ကာထုတ်ကြည့်သည်။လက်တွေတုန်နေပြီးသူ့ဆီစာရွက်လှမ်းပြသည်။

သွေးသားတော်စပ်မှု 99%

စကားလုံးတွေတိတ်ဆိတ်ကာသူတို့ကြည့်နေမိကြသည်။စတင်လှုပ်ရှားဖက်လိုက်သူက
ရှစ်ရွှင်း။

"ညီ ညီလေး
တွေ့မယ့်တွေ့တော့လည်း...
ကိုကိုတို့နီးလျက်ဝေးခဲ့ကြတာပါလား "

သွေးသားခံစားမှုကဒါများလား။
မနေ့ကအထိမဟုတ်သေးဘူး
ထွက်လာချိန်အထိသူစိတ်ကခိုင်မာခဲ့တာ
အခုဒါမြင်ရောပြိုကျလာသောသူ့မျက်ကည်များတာကျိုးသည့်နှယ်။

"အကို.. "

"ဝမ်းသာလိုက်တာ ညီလေးရာ
အကိုနဲ့ပြန်လိုက်မယ်မလား "

တွေဝေသွားရသောသူ
ဘာလုပ်သင့်လည်း။

"ရောက်လာပြီလား "

ဆယ်ဟွန်း အံသြသွားရသည်။
ကိုကို ကိုကိုကဘယ်လိုလုပ်ပြီး....

သူထိုနေရာမှတရှိန်ထိုးထွက်ပြေးဖို့လုပ်သည်။ဒါပေမယ့်ပွေ့ဖက်ကာချုပ်ထားသော
သန်မာသောလက်တစုံကြားမရုန်းနိုင်ခဲ့။

"နောက်မှပြောကြရအောင် ပတ်ချန်းယောလ်
ကျွန်တော်သူနဲ့ခုမှညီအကိုအဖြစ်ပွေ့ဖက်ခါစ
ရှိသေးတယ် "

ဇောင်းမီကသူ့လက်ကိုလှမ်းထိကာထွက်ခဲ့ဖို့
အမူအရာပြသည်။

"သူထွက်ပြေးလည်းလိပ်စာသိတယ်
အကိုကိုဘဲသူမတွေ့ချင်တာ... "

တလုံးတခဲအားပါးတရပြောချလိုက်သော
ဇောင်းမီ စကားကရင်ဝပိတ်ကန်ခံရသလိုခံစားလိုက်ရသည်။သူပြောတာလည်းမမှားပေ။ကျွန်တော်ကိုမတွေ့ချင်လို့သာရှာနေမှန်း
သိသားနဲ့ပုန်းနေတာ။

ညီအကိုနှစ်ယောက်သားစကားပြောဆိုကြပြီး
သူတို့ဆီလျောက်လာကြသည်။ဇောင်းမီနဲ့ရှစ်ရွှင်းကတော့ပြန်သွားလေပြီ။ကျန်ခဲ့သူကသူတို့နှစ်ယောက်။မတွေ့ရတာကြာပြီမို့သူသေချာကြည့်နေမိသည်။သူ့အားမျက်နှာထားတည်တည်နဲ့ကြည့်နေတာ။

"ကိုကို..."

"ခင်ဗျားနဲ့ကျွန်တော်ကဘာမှမသက်ဆိုင်တော့တာမို့ခုနအပြုအမှုမျိုးဆင်ခြင်ပေးပါ "

Marriage Life ( ChanHun )Onde histórias criam vida. Descubra agora