သူမကိုထပြီးရိုက်ပစ်ချင်စိတ်ပေါ်လာသည်။
မိန်းမတန်မဲ့စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေ
ကုန်ခမ်းနေပြီ။အဲ့လောက်တောင်... ပြောပြဖို့
လိုသလား။
ဒါပေမယ့်လည်းသူလက်မခံနိုင်ဘူး။
ကိုကိုဒီအိမ်မှာမရှိဘူးလို့သက်သေပြငြင်းချင်သေးတယ်။

"အစ်မ ညကပြောတာမဟုတ်တာတွေမလား
ကိုကို ဒီမှာမရှိဘူးမလား "

"ဟင့် ဟင့် မင်းကသိပ်ရီရတယ်
မင်းကိုသနားလည်းသနားပါရဲ့
ငါကမဟုတ်ဘဲပြောမလား
မယုံရင်လည်းသက်သေပြမယ်
ခဏစောင့်သူ့ကိုသွားနိုးလိုက်မယ် "

ကျွန်တော်လောက်ရူးသွပ်သူရှိမယ်မထင်တော့။ဘာသတ္တိနဲ့ဒီကိုရောက်လာခဲ့မိတာလည်း။လှည့်ပြန်လိုက်သင့်လား။
တကယ်ကိုကိုရှိနေရင်ရောငါဘယ်လိုလုပ်ရမလည်း။ကိုကိုငါ့ကိုစိတ်ဆိုးသွားရင်ရော။

"ချန်း ထတော့ဆို....

ချန်း...... "

ဆယ်ဟွန်းထိုင်နေရာကထရပ်လိုက်သည်။
ဟုတ်တယ် ငါရူးနေလို့လာမိတာ။
ပြန်ရမယ်။ကိုကိုထွက်မလာခင်ပြန်ရမယ်။

"ကျစ် ဘာလည်းကွာ
မနက်အစောကြီးရှိသေး
အာရုံနောက်တယ် "

"ချန်း ကလည်းကိစ္စရှိလို့ပါဆို "

အောက်ပိုင်းဘောင်းဘီအတိုသာပါပြီး
အိပ်မှုံစုတ်ဖွားပုံနဲ့ထွက်လာသော ကိုကို

"ဘာလည်းဆွန်းမီရာ "

"ချန်းကလည်း "

မျက်စိရှေ့တင်ကိုကို့ပခုံးကိုသိုင်းဖက်ကာ
ရင်ဘတ်ချင်းကပ်ကာပွတ်သတ်နေသောသူမ

ဆယ်ဟွန်းသည်ဤကမ္ဘာတွင်အရူးဆုံးလူသားဖြစ်လိမ့်မယ်။ဒီလိုကိစ္စကိုမှမိမိမျက်စိ
အမြင်နဲ့မှသက်သေပြုရဲတယ်။ကိုကိုတို့ကိုဆက်မကြည့်ချင်တော့။သတ္တိမရှိသူလို့
သတ်မှတ်ပါစေတော့။လာရာလမ်းဆီလှည့်ပြန်ဖို့သာပြင်လိုက်တော့သည်။

ဒုန်း

အာ့ ရှီး ဒီမျက်ရည်ကြောင့်ခုံကြီးတစ်ခုလုံးမမြင်တော့ဘူး။ဆယ်ဟွန်းမျက်ရည်သုတ်ရင်း
ဆက်သွားလိုက်သည်။

ဆွန်းမီဘာဖြစ်နေတာလည်းဆိုပြီးချန်းယောလ်တွန်းထုတ်ရင်းကြားလိုက်ရသောအသံကြောင့်အကြည့်...

Marriage Life ( ChanHun )Where stories live. Discover now