Chapter (8)

10K 1.2K 71
                                    

-Warning -

ရိပေါ် ခြံထဲက ခုံတန်းပေါ်မှာ ထိုင်ရင်း လကိုကြည့်နေမိတယ် ။ တိုက်တိုက်ဆိုင်ဆိုင် ဒီကိုသူလာဖြစ်တဲ့ အချိန်က လသာနေတဲ့အချိန်တွေချည်း ။ ဒီနေ့က လပြည့်ည ဖြစ်နေတာလေး တစ်ခုပဲ ။

"ရိပေါ် "

ရှောင်းကျန့် ရောက်လာမှန်း သိပေမယ့် ရိပေါ် လှည့်မကြည့်မိသေး ။ တကယ်ကို မျက်နှာချင်းဆိုင်ရမှာ ရိပေါ် အတွက်အနေရခက်စေတယ် ။

"စဉ်းစားရခက်နေလား ။ မင်းလက်မခံလည်းရတယ် ရိပေါ် မင်းငါ့ကို အထီးမကျန်အောင် မင်းအနားနေခွင့်ပေးထားတာနဲ့တင်ပဲ လုံလောက်နေပြီ "

"......"

"အနားယူလိုက်ဦး"

"ကျန့်ကော "

ခပ်တိုးတိုး အသံလေးထွက်လာပြီးနောက်မှာ ရိပေါ် က ရှောင်းကျန့် ကို လှည့်ကြည့်တယ် ။

"ကျွန်တော်....သဘောတူတယ် ။ ဒါကြောင့်မို့ တစ်ခုပဲ ကျွန်တော့်ဘေးမှာ ရှိပေးပါ"

"အင်း"

...............

ကြိုးနီဘူးကို ရှေ့မှာချထားပြီး ရှောင်းကျန့်က လရောင်အောက်မှာ ရပ်လိုက်တော့ ထိုကြိုးနီလေးက အနီရောင်အလင်းမှုန်လေးတွေ ထွက်လို့ လေထဲကနေ တရွေ့ရွေ့ ဝဲတက်လာရင်း ရှောင်းကျန့် လက်မှာ သူ့အလိုလိုပတ်ပြီးသားလေး ဖြစ်သွားတယ် ။

ရိပေါ် ကတော့ ကုတင်ပေါ်မှာ ငူငူကြီး ။

ငါ...အဆင်ပြေမှာ ။
ဟုတ်တယ်... ငါ အဆင်ပြေသွားမှာ ။

"ဒုန်း...!!!"

အခန်းတံခါးဝက အသံကြောင့် ရိပေါ် မှာ ပြေးကြည့်ရသေးတယ် ။ အပြင်မှာတော့ နဖူးကို လက်နဲ့အုပ်ကိုင်ထားတဲ့ ကျန့်ကော ။

"ဘာဖြစ်တာလဲ "

"ဝင်ဆောင့်တာ"

ရှောင်းကျန့် အပြင်ကနေ ရိပေါ် အခန်းထဲကို ဝင်လာခြင်းပင် ။ သို့သော် ဝိညာဉ်တုန်းကလိုမျိုး အခန်းတံခါးကို မဖွင့်ပဲ ဒီအတိုင်းဖြတ်ဝင်တုန်းမှာ တံခါးနဲ့ဝင်ဆောင့်မိတာဖြစ်တယ် ။

"မင်းတို့နှစ်ယောက်က ဘာလုပ်နေကြတာလဲ "

အသံလာရာကို နှစ်ယောက်သား လှည့်ကြည့်မိတော့ လက်ထဲမှာ ရေနွေးခွက် နှစ်ခွက်ကို သယ်လာတဲ့ ဗန်းနဲ့ ရိပေါ်အဘိုးကို တွေ့ရတယ် ။

The Ghost & Me [ Completed ]Wo Geschichten leben. Entdecke jetzt