Chapter (22)

6.5K 968 7
                                    

စိတ်တိုနေပုံရတဲ့ ရှောင်းကျန့် ကြောင့် အစည်းအဝေးခန်းထဲကလူတွေ တစ်ယောက်မှမလှုပ်ရဲကြဘူး ။ ဒီမှာ ရှိနေတဲ့အတောအတွင်း အမြဲရယ်မောနေတတ်တဲ့သူက ဒီလိုကြောက်စရာမျက်နှာထားနဲ့ ဖြစ်လာမယ်လို့ တွေးတောင်မတွေးဖူးကြဘူး ။

ရှောင်းကျန့် တကယ်ဒေါသထွက်နေတယ် ။ ဖြစ်နိုင်ရင် အကုန်လုံးကို ပြာချပစ်ချင်မိတဲ့အထိပဲ ။

"လုံခြုံရေးပိုင်းက သေချာမစစ်ဘူးလား!!"

"စစ်..စစ်ပါတယ်"

"စစ်တယ်ဆို ရှော့ဖြစ်စရာအကြောင်းမရှိဘူးလေ မစစ်လို့ပေါ့ အလုပ်ကို အလုပ်နဲ့ တူအောင်မလုပ်လို့ဖြစ်တာ!"

ရှောင်းကျန့် က ခဏနားပြီးမှဆက်ပြောတယ် ။

"အခုမီးလောင်တယ် နောက်ဘာဆက်ဖြစ်ဦးမလဲ! ။ အချိန်မှီမသိရင် သန်းချီတဲ့ပမာဏ ဆုံးရှုံးသွားမှာ ။ စုံစမ်း! လူလုပ်တာလား စက်ကဖြစ်တာလားဆိုတာ "

"ဟုတ်ကဲ့!!!"

"ရပြီ..သွားတော့!!"

အခန်းထဲက အလျှိုလျှိုထွက်သွားကြတဲ့ သူတွေကိုကြည့်ပြီး ရှောင်းကျန့် ဆိုဖာပေါ်မှီပြီး ထိုင်ချလိုက်တယ် ။ မနက်ကတည်းက အလုပ်က ညအထိ သူ့မှာ မနားရဘူး ။

အပြင်ဘက်မှာတော့ မိုးတွေကသည်းထန်စွာရွာလို့ ။ ဒီအချိန်လောက်ဆို Honey အိမ်ပြန်ရောက်နေမလား ။ သူက မိုးရွာတာ ကြိုက်တာမဟုတ်ဘူး ။

ရိပေါ် အကြောင်းတွေးမိတာနဲ့ ရှောင်းကျန့် မှာ ပြုံးလျက်သား ။ တကယ်ကိုပဲ ရိပေါ် က ရှောင်းကျန့် အတွက် အားဆေးလေးပင်ဖြစ်တယ် ။

"ဘောစ့်!!"

"ဘာဖြစ်ပြန်တာလဲ"

"သတင်းကြည့်သင့်တယ်"

အခန်းထဲက TV ကို ကျိယွမ်က ဖွင့်လိုက်တယ် ။ လာနေတာက လေယာဉ်ပျက်ကျတဲ့ သတင်း ။

"ယနေ့ 10နာရီ အချိန် ပေကျင်းသို့ ထွက်ခွာခဲ့သော လေယာဉ်မှာ ကြားဖြတ် မုန်တိုင်းတစ်ခုကြောင့် ပျက်ကျခဲ့တယ်လို့ သတင်းရရှိပါတယ် ။ ကယ်ဆယ်ရေးများ...."

သတင်းမဆုံးခင် ရှောင်းကျန့် ပြေးထွက်သွားတယ် ။ မိုးရေထဲ ကားကိုအကြမ်းပတမ်းမောင်းနေမိတာ ဘယ်လောက်နှုန်းနဲ့ မောင်းနေမိလဲပင်မသိတော့ ။ ညပိုင်းဖြစ်တဲ့အပြင် မိုးရေတွေကြောင့် မရှင်းမလင်းဖြစ်လာတတ်တဲ့ မြင်ကွင်းက စိတ်ရှုပ်စရာကောင်းတယ် ။

The Ghost & Me [ Completed ]Wo Geschichten leben. Entdecke jetzt