Chapter (10)

8.9K 1.2K 26
                                    

ရိပေါ် ရဲ့ တစ်ယောက်စာ တိုက်ခန်းလေးထဲမှာ လူသုံးယောက် ။

မေတ္တာတွေ ၊ စေတနာတွေ ပိုမိတော့လည်း သရဲကို လူဖြစ်အောင် ကူညီပေးရင်း ဖင်ချခံရတယ် ။ပြီးတော့ အဲ့လူကို အိတ်ထဲကနေ ပိုက်ဆံထုတ်ပြီး ဝယ်ခြမ်းပေးရသေးတယ် ။ ခုလည်း ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက်ကိုပါ အိမ်ခေါ်လာရတယ် ။

ရိပေါ် ဘဝလေးက ဇာတ်နာနေပါပြီ ။

ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ ကောင်လေးက တအီအီနဲ့ ငိုနေဆဲပဲ ။ မျက်နှာက အထိုးခံထားရတဲ့ ဒဏ်ရာကလည်း ဖူးရောင်လို့ ။

"သခင်လေး...သခင်လေး...ကျွန်တော့်ကို မမှတ်မိဘူးလား "

မှတ်မိမှဖြင့်တော့ မင်းကိုငါ လေကုန်ခံပြီးမေးနေမလား!

ထုတ်တော့မပြောပါဘူး ။ ပြောလိုက်ရင် မျက်ရည်မိုးရွာသွားမယ်ဆိုတာကို ရှောင်းကျန့် သိနေသည်မို့ ။

"အင်း"

"သခင်လေးရဲ့..!!...အီး...."

"နေပါဦး မင်းက ဘယ့်နှယ့်ကြောင့် ဇွတ်ငိုနေရတာတုန်း"

"သခင်လေးကို သနားလို့ပေါ့ ။ သခင်လေး ကို သေပြီဆိုပြီး သူတို့တွေပြောကြတယ် ။ ကျွန်တော် မယုံခဲ့ဘူး ။ ဒါကြောင့် လိုက်စုံစမ်းနေတာ "

"မင်း အနောက်ကလိုက်နေတဲ့ ဟိုကောင်တွေကရော"

" မသိဘူး "

"မင်း အိမ်ဘယ်မှာလဲ ။ ပြန်လိုက်ပို့ပေးမယ် ဒီမှာကျတော့ အဆင်မပြေဘူးလေ "

"ရတယ် ။ ရတယ် ။ ကျွန်တော် အိမ်မပြန်ချင်ဘူး ။ ဆိုဖာမှာ အိပ်ရလည်း အဆင်ပြေတယ် ။ ပြန်တော့မပို့ပါနဲ့"

"ဒါနဲ့ မင်းနာမည် ဘယ်လိုခေါ်လဲ"

"ရိန်း "

"အဲ့တစ်လုံးတည်းလား"

"ဟုတ်"

"ကောင်းပြီ ။ ငါနဲ့ ရိပေါ် အပြင်ခဏသွားဦးမယ် ။ မင်း နေခဲ့ပေါ့"

ရှောင်းကျန့် သူ့ဘေးမှာ ရပ်နေတဲ့ ရိပေါ် လက်ကိုဆွဲပြီး အပြင်ထွက်လာခဲ့လိုက်တယ် ။

..............

အပြင်ရောက်တော့ ငြိမ်ပြီးလမ်းလျှောက်နေတဲ့ ကျန့်ကော က တစ်ခုခုကိုအတွေးများနေသလိုပဲ ။

The Ghost & Me [ Completed ]Where stories live. Discover now