Chapter (12)

8.3K 1.2K 11
                                    

ရိပေါ် က ရှောင်းကျန့် အတွက် တကယ်ကို နတ်သားလေးပင်ဖြစ်တယ် ။

ကိုယ့်အကြောင်းကိုယ် ဘာမှမသိတဲ့ ရှောင်းကျန့်က ဘာမှကိုမလုပ်နိုင်ဘူး ။ ရိန်းကနေ တစ်ဆင့်သိနိုင်မယ်ထင်ပေမယ့် သကောင့်သားလေးကို သုံးရက်လောက် အကုန်အကျခံပြီး ကျွေးမွေးထားလိုက်ရတာကလွဲရင် ကိုယ်တောင်ပြန်ခံရတော့မလို့ ။

ခုတော့ သူလည်းသေပြီ ။
ကောင်းတယ် ဘာနည်းလမ်းမှမရှိဘူး ။

မျှော်လင့်ချက် အလင်းရောင်လေးက ရိပေါ် ကနေစ,တယ် ။ ကုန်ကုန်ပြောရရင် laptop ကို အသုံးချရင် ရမယ်မှန်းမသိတဲ့ ရှောင်းကျန့် က အတော်ပိန်းပါတယ် ။

ရိပေါ်ရယ် ဘယ်လိုအကြံဉာဏ်ရသွားလဲ မသိပေမယ့် သူရှာပေးထားတဲ့ အချက်အလက်တွေကြောင့် ကိုယ့်အကြောင်းကိုယ် နည်းနည်းတော့ သိလာသလိုလို ။

ရှောင်းကျန့် က Sean X group  ရဲ့ CEO တစ်ယောက်ဖြစ်တယ် ။ Sean X ဆိုတာ အပန်းဖြေစခန်းတွေ ၊ shopping mall တွေ ၊ Hotel အများအပြားကို ပိုင်ဆိုင်သေးတယ် ။

အရမ်းအောင်မြင်နေတဲ့ group ကြီးတစ်ခု ဖြစ်တာကို သိရတော့ သူမသေခင်က အဲ့လောက်တောင် ချမ်းသာခဲ့သလားလို့ တွေးမိရသေးတယ် ။ မယုံချင်ပေမယ့် သူချမ်းသာခဲ့တာ အမှန်ပါပဲ ။ ဘာလို့ဆို သူ့ပုံတွေနဲ့ သတင်းတွေချည်း ရှာတွေ့တာဖြစ်လို့ ။

သူ့အကြောင်းတွေကို ဆက်ရှာကြည့်တော့ အသက်က 28 နှစ်အရွယ် ဖြစ်တဲ့အပြင် မိဘရော မွေးချင်းရော မရှိတဲ့ တစ်ကောင်ကြွက်ဖြစ်တယ် ။

ဒါဆိုအခု Sean X ကို ဘယ်သူဦးဆောင်နေလဲ ရှာကြည့်တော့ တစ်ချိန်က ရှောင်းကျန့် ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ကျိယွမ် က ဦးဆောင်ထားတယ် ။

ဒါဆို အခု Sean X ရဲ့ CEO က ကျိယွမ် ပဲလား ။

ဒါပေမယ့် သူမရှိတော့တဲ့ မဟုတ်သေး သူသေဆုံးတဲ့ သတင်းတွေထွက်လာပြီးတည်းက Sean X ရဲ့ အခြေအနေက ယိုင်နဲ့လုနီးနီးဖြစ်နေပြီ ။

ဒီအတိုင်း ဆက်သွားမယ်ဆိုရင် Sean X ကို သူ့ကိုလုပ်ကြံပြီး လိုချင်နေတဲ့သူရဲ့လက်ထဲ ထည့်ပေးလိုက်ရတော့မယ် ။

The Ghost & Me [ Completed ]حيث تعيش القصص. اكتشف الآن