Chapter (13)

8.4K 1.1K 73
                                    

ကော်ဖီဆိုင်လေးရဲ့ ထောင့်ကျတဲ့ ဝိုင်းလေးမှာ လူသုံးယောက်ထိုင်နေတယ် ။ ရိပေါ် နဲ့ ရှောင်းကျန့် ရှေ့မှာ ထိုင်နေတဲ့ လူတစ်ယောက်ကတော့ မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေဆဲ ။

ကျိယွမ် သူ့ကိုတွေ့ချင်တယ်လို့ပြောပြီးခေါ်တဲ့ လူကို တွေ့စရာအကြောင်းမရှိဘူးလို့ကိုထင်ခဲ့တာ ။ ဒါပေမယ့် သူ့ရဲ့ ငြင်းဆန်နေတဲ့ စိတ်ကို ဒီလူရဲ့ ပုံနဲ့နာမည်က ဆွဲဆောင်သွားခဲ့တယ် ။

မျက်နှာကို မြင်လိုက်ရတဲ့အချိန်မှာ ကျိယွမ် ဟန်တောင်မဆောင်နိုင်ဘူး ။ ဒါ ရှောင်းကျန့် ပဲ ။ သူ့ရဲ့ ဘောစ့် ရှောင်းကျန့် ပဲ ။ အဝတ်အစားပုံစံပြောင်းတာကလွဲရင် သေချာပေါက် သူ့ရဲ့ ဘောစ့်ပဲ ။

မဖြစ်နိုင်ဘူး ဆိုတဲ့ အတွေးတွေကလည်း ကျိယွမ် ရဲ့ အတွင်းစိတ်ထဲမှာလွန်ဆွဲလျက်ရှိတယ် ။ ဘာလို့ဆို သူ့ဘောစ့် သေဆုံးတာကို သူကိုယ်တိုင်အတည်ပြုပြီး နာရေးကိစ္စဆောင်ရွက်ခဲ့တာဖြစ်လို့ ။

သုံးယောက်သား စကားမပြောပဲ တစ်ယောက်ကိုတစ်ယောက် အချိန်အကြာကြီး ကြည့်ပြီးကာမှ ကျိယွမ် က စကားစ,ပြောတယ် ။

"ခင်ဗျားက ရှောင်းကျန့် ဆိုတာ ဘယ်လိုယုံရမလဲ"

"ငါ..ကိုယ်တိုင်ကို မှတ်ဉာဏ်တွေပျောက်နေတဲ့အချိန်မှာ မင်းယုံအောင် သက်သေပြစရာတစ်ခုမှမရှိဘူး ။ ကျန်တဲ့ ကိစ္စမှန်သမျှကိုလည်း ငါ ရှင်းမပြနိုင်ဘူး"

ကျိယွမ် ချွေးပြန်လာတယ် ။

သူ ယုံလိုက်ရတော့မလား ။ ဒီလူရဲ့ လေသံနဲ့ စကားပြောတဲ့ပုံက လုံးဝကို ဘောစ့်ပဲ ။

တစ်ဆက်တည်းမှာပဲ ကျိယွမ် စိတ်မသက်မသာဖြစ်လာတယ် ။ သူမရှင်းလင်းတဲ့ အရာတွေလည်း အများကြီးပဲ ။

"မင်း..ငါ့ကို မယုံဘူးဆိုတာ ငါသိတယ် "

"အဲ့..အဲ့လိုလည်း..မဟုတ်ပေမယ့်...ကျွန်တော်ကိုယ်တိုင် ဘောစ့်ရဲ့ ဘော်လီ.."

"ဖူး...!!!"

သူတို့စကားဝိုင်းလေးထဲမှာ တစ်ခွန်းမှဝင်မပြောတဲ့ ရိပေါ်က ကျိယွမ် ရဲ့ 'ဘော်လီ' ဆိုတဲ့ စကားစုအောက်မှာ သောက်နေတဲ့ ကော်ဖီတွေ ဖူးကနဲ ပြန်ထွက်လာတယ် ။

The Ghost & Me [ Completed ]Where stories live. Discover now