Chapter (16)

7.9K 1.1K 34
                                    

ရိပေါ် နိုးလာတော့ ခေါင်းကိုက်နေတာကြောင့် သူ့ခေါင်းကိုသူ လက်တစ်ဖက်နဲ့ ဖိကိုင်လိုက်တယ် ။ ဘေးဘီဝဲကြည့်လိုက်တော့ ဒါသူ့အိမ်ပဲ ။ ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်တော့ အင်္ကျီတွေကလဲပြီးသားဖြစ်နေတယ် ။

အိမ်ကို ဘယ်လိုပြန်ရောက်လာသလဲ သူမမှတ်မိဘူး ။ အရက်ရော ဘယ်နှစ်ခွက်သောက်ခဲ့သလဲ ဒါလည်း သူမမှတ်မိပါဘူး ။

ရိပေါ် အတွေးများနေတုန်းမှာပဲ အခန်းထဲကို ပျားရည်ခွက်လေးကိုင်ပြီး ရှောင်းကျန့် က ဝင်လာခဲ့တယ် ။

"နိုးပြီလား..."

ရှောင်းကျန့် အသံက နူးနူးညံ့ညံ့ပဲ ။ ဒီအသံလေးကို မနက်တိုင်း ကြားခွင့်ရချင်မိတယ် ။

"အင်း...ကျွန်တော့်ကို ခင်ဗျား ခေါ်လာတာလား"

"ဘယ်လိုထင်လဲ"

ရိပေါ် မကြိုက်တာ အဲ့တာတွေပဲ ။

ဘယ်လိုမြင်လဲတို့ ၊ ဘယ်လိုထင်လဲတို့ အထင်အမြင်တွေမေးနေရအောင် သူ့company မှာ အစည်းအဝေး လုပ်နေတာမှမဟုတ်ပဲ ။ ဟုတ်ရင်ဟုတ်တယ် မဟုတ်ရင်မဟုတ်ဘူးပေါ့ ။'မင်း လမ်းဘေးမှာမူးရူးနေလို့ ဆွဲခေါ်လာတယ်'ဆိုပြီး ပြောရင်တောင် ကျေးဇူးတင်ဦးမယ် ။

ကျန့်ကော ကို မော့ကြည့်တော့ သူ့အဖြေကိုစောင့်စားနေဟန် ။

ရိပေါ် သက်ပြင်းချလိုက်တယ် ။ ပြီးတော့ သူ စကားတစ်ခွန်းမှ မပြောပဲ အိပ်ယာကနေထပြီး ရေချိုးခန်းထဲ ဝင်သွားတယ် ။ သူ ရေချိုးပြီးလို့ ပြန်ထွက်လာတဲ့အထိ ကျန့်ကောက သူ့ကို ရပ်စောင့်နေတုန်းပဲ ။

"ကျွန်တော် ကျောင်းသွားတော့မှာ"

"အင်း"

"ခင်ဗျားလည်း အလုပ်သွားတော့လေ"

ရိပေါ် တစ်ဖက်လှည့်ပြီး ဗီရိုထဲက အဝတ်အစားရွေးနေတုန်း အနောက်ကနေ သိုင်းဖက်ခံရပြီး သူ့ကိုယ်လုံးလေးမှာ ရှောင်းကျန့် ရဲ့ ရင်ခွင်ထဲမြုပ်သွားခဲ့တယ် ။

"ကိုယ်..တောင်းပန်ပါတယ် "

ရှောင်းကျန့် စကားကြောင့် ရိပေါ်မှာ ကြောင်အမ်းအမ်းဖြစ်သွားရတယ် ။ သူ ဘယ်ကိစ္စကိုလာတောင်းပန်နေတာလဲ!။

The Ghost & Me [ Completed ]Where stories live. Discover now