Chapter (19)

7.2K 1K 20
                                    

လက်ထဲမှာ ဖုန်းတို့ လက်ဆွဲအိတ်တို့ ကိုင်ရမယ့်အစား နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ကောင်လေးကို ပွေ့လာတဲ့ ရှောင်းကျန့် ကို ကျိယွမ်က နှာခေါင်းရှုံ့တယ် ။

ဘောစ့်စုတ်! သူကျသူ့ဟာလေးကိုပွေ့လို့ ငါ့ကျ အထုတ်သယ်တဲ့!!! နည်းနည်းလေးမှ တရားမနေပါဘူးနော်!

လေဆိပ်က လူတွေကလည်း အထူးအဆန်းလုပ်ပြီး ကြည့်နေပေမယ့် ရှောင်းကျန့်က နည်းနည်းမှဂရုမစိုက်ဘူး ။ သူဂရုစိုက်တာက သူ့လက်ထဲမှာပွေ့ချီထားတဲ့ သူ့ရဲ့ချစ်သူလေး မနိုးသွားဖို့ ။

"အခန်းအဆင်သင့်မှာထားပြီးပြီလား ကျိယွမ်"

"ဟုတ်...မှာထားပြီးပါပြီ "

သူ့ပေါင်ပေါ်မှာ အိပ်နေတဲ့ ကောင်လေးကိုကြည့်ပြီး ရှောင်းကျန့်ခေါင်းခါမိတယ် ။

ရိပေါ် ရဲ့ အိပ်နိုင်စွမ်းကိုတော့ ရှောင်းကျန့်တစ်ယောက် သြချယူရတယ် ။ လမ်းတစ်လျှောက်လုံး အစားပေါင်းစုံစားတဲ့အပြင် လေယာဉ်ပေါ်မှာ ကျွေးတဲ့အစားလည်းတစ်ခုမှအလွတ်မပေး ။ စားပြီးတော့လည်း အိပ်နေလိုက်တာများ သိုးလို့ ။ ဒါပေမယ့်လည်း သူ့မှာ မနှိုးရက်လေတော့ လမ်းတစ်လျှောက်လုံး ပွေ့ချီလာရတယ်။

...................

"ဝှါး...အား!!!!....ကျန့်ကော...!!!!"

"ဝုန်း!!!"

"မလာနဲ့...!!!!...မလာနဲ့..သွား...!!!"

ရိပေါ် အိပ်ယာနိုးနိုးချင်းမှာ မျက်လုံးတစ်ဖက်က သွေးတွေစီးကျပြီး အထဲကမျက်လုံးအိမ်က ပါးပြင်မှာတွဲလောင်းဖြစ်နေတဲ့အပြင် ပါးစပ်မှာလည်း ဘေးနှစ်ဖက်အသားတွေလန်ပြီး ပြဲနေတဲ့ သရဲမကိုတွေ့တာကြောင့် လန့်သွားကာ ကုတင်ပေါ်ကနေပြုတ်ကျပြီး အော်နေခြင်းပင်ဖြစ်တယ် ။

ရိပေါ် ဘယ်လိုပဲသရဲတွေမြင်နေကြပြောပြော ဒါမျိုးကြီးတော့တကယ်ကြောက်တာအမှန်ပင် ။ အခန်းမှာ မီးမှိန်မှိန်လေးသာလင်းပြီး ကျန်တဲ့နေရာအကုန်မှောင်နေတော့ ဘယ်သူက မကြောက်ပဲနေမည်နည်း ။

"ရိပေါ်...!!...ဘာဖြစ်တာလဲ "

"ကျန့်ကော...!!!...ဟိုမှာ.."

The Ghost & Me [ Completed ]Where stories live. Discover now