Chapter (1)

27K 1.7K 78
                                    

မိုးကတဖွဲဖွဲကျနေတယ် ။ ခေါင်းပေါ်ကို လက်ကလေးအုပ်လို့ မိုးစက်တွေကို ကာရင်းပြေးလာတဲ့ ကောင်လေးက အိမ်ထဲကို အလျင်အမြန် ဝင်လာခဲ့တယ် ။

အိမ်ထဲရောက်တာနဲ့ မီးတွေက လာလိုက်ပျက်လိုက် ။ ဒီလိုအခြေအနေမျိုးကို TV တွေထဲမှာ ခဏခဏမြင်ဖူးပေမယ့် ရိပေါ် ကြောက်နေမိတုန်းပဲ ။

မိုးရေတွေစိုနေတဲ့ အင်္ကျီတောင်မလဲနိုင်ပဲ ရိပေါ် အခန်းထောင့်က helmet ကို ကောက်ကိုင်လိုက်တယ် ။

"သရဲလား...ငါ့ကို မကြောက်ဘူးများထင်နေလား "

ရိပေါ် တုန်တုန်ယင်ယင်နဲ့ နေရာတကာကို လိုက်ကြည့်မိနေဆဲ ။ ချောက်! ဆိုတဲ့ အသံနဲ့အတူ အခန်းထဲဝင်လာတဲ့ မဲမဲအရိပ် ။

ရိပေါ် မျက်လုံးစုံမှိတ်ပြီး ထိုအရိပ်ကို ချပစ်လိုက်တယ် ။

"အား....!!! ဂွက်!!...ဂွက်!!!....ဂွက်!!!"

"ဟာ....ဟေ့ကောင် ရိပေါ်!!! ။ သေပါပြီ ။ ငါ့ဟာလေး သေပါပြီ"

ကျိမင် အသံကြောင့် ရိပေါ် မှိတ်ထားတဲ့ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ် ။

နဖူးမှာ သွေးတွေစီးကျပြီး မေ့နေပုံရတဲ့ ပိုင်လုံ ။

"ပိုင်...ပိုင်လုံ...ဆေး..ဆေးရုံပို့မယ်လေ"

ကျိမင် က ပိုင်လုံ ကို ပွေ့ရင်း ရှေ့ကထွက်သွားတော့ ရိပေါ် လိုက်မလို့ ပြင်လိုက်ပေမယ့် နေရာကနေမရွေ့မိသေး ။

ရိပေါ် ဆေးရုံကို မသွားချင်ဘူး ။ ဒါပေမယ့် သူငယ်ချင်း က သူ့ကြောင့် ထိခိုက်ဒဏ်ရာရတာဖြစ်လို့ လျစ်လျူရှု ပြီး မနေလိုက်နိုင်ဘူး ။ ဒါကြောင့် လိုက်သွားလိုက်တယ် ။

..........

"သတိရလာပါလိမ့်မယ် ။ တအားကြီး ပြင်းပြင်းထန်ထန်တော့ မထိခိုက်မိပါဘူး"

"ကျေးဇူးပါ ဒေါက်တာ "

ဆေးရုံ ကုတင်ပေါ်မှာ ပတ်တီးတစ်ခုနဲ့ လဲလျောင်းနေတဲ့ ပိုင်လုံ ကို ကြည့်ပြီး ရိပေါ် စိတ်မကောင်းဖြစ်မိတယ် ။ ဒါတွေက သူမဆင်မခြင် လုပ်လိုက်မိတဲ့အပြုအမူကြောင့် ဖြစ်သွားတာတွေချည်း ။

"ကျိမင်... ငါ...ငါတောင်းပန်ပါတယ် "

"မလိုပါဘူး ရိပေါ် ။ ငါ နားလည်ပါတယ် "

The Ghost & Me [ Completed ]Where stories live. Discover now