Chapter (14)

7.8K 1.1K 29
                                    

"ခွမ်း...!!!!"

စားပွဲပေါ်မှာ အလှဆင်ထားတဲ့ ပန်းအိုးလေးက အရှိန်ပြင်းပြင်းနဲ့ပစ်ပေါက်ခံရမှုကြောင့် အစိတ်စိတ်အမြွှာမြွာ ကွဲကျသွားတယ် ။

"ရှောင်းကျန့်... !!!...သူ ဘာကြောင့် အသက်ရှင်နေသေးတာလဲ"

"ကျွန်တော်တို့ စုံစမ်းနေတုန်းပါ"

အရှေ့မှာ ခေါင်းငုံ့ပြီး ရပ်နေတဲ့ သူတွေကိုကြည့်ရင်း ရှေ့ကလူက မဲ့ပြုံးပြုံးတယ် ။ ပြီးနောက် ဆေးလိပ်တစ်လိပ်ကို မီးညှိပြီး ဖွာရှိုက်လိုက်တယ် ။

"မစုံစမ်းနဲ့...မလိုဘူး ။ ဒီတစ်ခေါက် အစီအစဉ်ပြန်ချပြီး သတ်ရမယ်"

"ကျွန်တော်တို့... ဘယ်လိုလုပ်ရမလဲ"

"ဒီကိစ္စကို ငါကိုယ်တိုင် လုပ်မယ် ။ မင်းတို့ သွားတော့"

သူ့ကို နှုတ်ဆက်ပြီး အလျှိုလျှိုပြန်သွားကြတဲ့ လူတွေကို တစ်ချက်ကြည့်ပြီးမှ စာအိတ်နဲ့ သေချာထုတ်ထားတဲ့ အိတ်ထဲကပုံတွေကို သူကြည့်လိုက်တယ် ။ ပြီးနောက် နှုတ်ခမ်းထက်မှာပေါ်လာတဲ့ အပြုံးတစ်ခု ။

ဂိမ်းတစ်ခုဆော့ကြရအောင်...ရှောင်းကျန့် ။

...........

ကျိယွမ် စိတ်ညစ်နေတယ် ။

ဒီဘောစ့်ဟာ အလုပ်ပြန်လုပ်တော့လည်း လေလိုမျိုး လုံးဝကိုဖမ်းမမိဘူး ။ သူ့အလုပ်က အတွင်းရေးမှူးလေ ဘောစ့်ရဲ့ ကုမ္ပဏီ ရေးရာအဖြာဖြာကို ကူရမှာမဟုတ်ဘူးလား? ။ ဘာကြောင့် ဘောစ့်ကို လိုက်ရှာပြီး ထိန်းနေရတဲ့ အလုပ်ပါလုပ်နေရတာလဲ! ။

ဒီတစ်ပတ်အတွင်းမှာပဲ ကျိယွမ် ရဲ့အလုပ်က ဘောစ့်ကို ထိန်းရတဲ့အလုပ်ပါတိုးလာခဲ့တယ် ။

အခုလည်း လက်မှတ်ထိုးရမယ့် စာရင်းတွေရော ၊ ဖိုင်တွဲတွေရော အကုန်လုံးကို သူ့လက်ထဲထိုးထည့်ုပြီး ပျောက်သွားပြန်ပြီ ။

ငုံးဘောစ့်... !!!

ယဉ်ကျေးလှတဲ့ ကျိယွမ်လေးမှာ သေရွာပြန်ဘောစ့်နဲ့ ပြန်တွေ့မှပဲ တစ်နေ့ကိုဆယ်ကြိမ်လောက် မေတ္တာပို့တတ်နေပြီ ။ ဘာပဲဖြစ်ဖြစ်လေ စာရင်းတွေကို ကိုယ်စားစစ်ပေးရမယ့်အလုပ်ကလေးပါ သူ့မှာတိုးလာခဲ့ပြီဖြစ်တယ် ။

The Ghost & Me [ Completed ]Where stories live. Discover now