Extra - 6

5.1K 576 31
                                    

ကမ်းခြေတွင်တော့ အပန်းဖြေသူများစွာရှိသည် ။ ရှောင်းကျန့် နှင့်ရိပေါ်ကတော့ ဟန်းနီးမွန်းထွက်လာသည့်အလား နှစ်ယောက်တကမ္ဘာတည်နေသည် ။

ရှောင်းကျန့်ကတော့ စွပ်ကျယ်အနက်ပေါ်တွင် အပြာရောင်လက်တိုရှပ်အင်္ကျီကိုထပ်ဝတ်ကာ ဒူးအထက်လောက်သာရှိသည့် ဘောင်းဘီတိုအနက်ရောင်ကိုတွဲဖက်ဝတ်ဆင်ထားပြီး ရိပေါ်ကတော့ စွပ်ကျယ်အဖြူကလွဲလို့ ကျန်တာအကုန်ရှောင်းကျန့်နည်းတူဝတ်ဆင်ထားသည်မှာ လကမ္ဘာကနေလှမ်းကြည့်တောင် couple ဝတ်ထားမှန်းသိသာလှသည် ။

နှစ်ဦးစလုံး၏လက်များမှာအချင်းချင်းဆုပ်ကိုင်ထားလျက် ဒီလက်ကိုလုံးဝစွန့်လွှတ်မည်မဟုတ်ကြောင်း နှစ်ဦးစလုံးသေချာသည် ။

Honey ငိုတာကိုမြင်ပြီးနောက်မှာတော့ သူတို့ရဲ့ဆက်ဆံရေးကိုလုံးဝဖုံးကွယ်မထားတော့ဖို့ ရှောင်းကျန့် ဆုံးဖြတ်လိုက်သည် ။ အပြစ်ပြောချင်တဲ့ပါးစပ်တွေပြောကြစမ်းပါစေ သူ့ Honey မျက်ရည်မကျဖို့ကသာအဓိကအကြောင်းအရာဖြစ်သည်မလို့ ဘာကိုမှ အရေးစိုက်နေမည်မဟုတ်တော့ ။

"အ့..."

"ဟေ့ကောင်တွေ မမြင်ဘူးလားကွ !!!! ငါ့ချစ်ကလေး နာသွားပြီ"

ရှောင်းကျန့် နဲ့ရိပေါ် ကြည်နူးနေ၍တစ်ဖက်ကအတွဲကို သတိမထားမိပဲဝင်တိုက်မိသည် ။ အစကတော့ တောင်းပန်မလို့ဆိုပေမယ့် လေသံမာမာကြောင့် တောင်းပန်ချင်သည်စိတ်ကလေးက ကြက်ပျောက်ငှက်ပျောက် ။

"မင်း လေသံကိုပြင်လိုက်"

"အောင်မာ မင်းကလည်းဝင်တိုက်သေး..Oh my god ရှောင်းကျန့် !!!"

"အန်းယွမ်လု !!!"

အရေးကြုံရင်ဆွဲထိုးဖို့ သိုင်းကွက်တွေပါကြိုစဉ်းစားထားပေမယ့် တစ်ဖက်လူက အန်းယွမ်လု နဲ့ ကျိယွမ် တို့စုံတွဲဖြစ်နေမှန်းမသိခဲ့ ။

"မင်း သေသွားပြီဆို"

"အေး သေပြီလေ"

"ဒါဆို ဘယ်လိုဖြစ်ပြီး..."

"အဲ့ကိစ္စနောက်မှအေးဆေးပြောပြမယ် ။ ဒါနဲ့ မင်းက နိုင်ငံခြားမှာဆို"

"အင်း ယွမ်လေးက တရုတ်ပြည်ကိုလွမ်းတယ်ဆိုလို့ ပြန်လာတာ"

"ဪ"

The Ghost & Me [ Completed ]Where stories live. Discover now