Extra - 5

5.4K 677 19
                                    

သူ့ကိုအဖက်မလုပ်တော့တဲ့ Honey ဟာ ကမ်းခြေရောက်သည့်တိုင် လုံးဝအဖက်မလုပ်ချေ ။ မတတ်နိုင်ပေ Honey နဲ့ အခန်းတစ်ခန်းတည်းနေရအောင်ကြိုးပမ်းရသည် ။

ရိပေါ် သည် အခန်းသော့ယူကာ သူနေရမည့်အခန်းကိုအရင်သွားနှင့်လိုက်သည် ။ ကျန့်ကော သူ့ကိုလိုက်ကြည့်နေသည်ကိုလည်း သူသိပါသည် ။ သို့သော်လည်း သူ့စိတ်ကအဆင်မပြေလေတော့ ဘာမှမပြောချင်ပေ ။

အခန်းထဲရောက်သည်နှင့် ကုတင်ပေါ်တွင်လှဲချကာ မျက်စိမှိတ်ထားလိုက်သည် ။ အတွေးလွန်တတ်တဲ့ သူ့စိတ်ကြောင့် သူပဲပင်ပန်းရသည် ။

ခဏအကြာမှာ တံခါးဖွင့်သံသဲ့သဲ့ သူကြားရသည် ။ သူ့ခရီးဆောင်အိတ်လာပို့ပေးတဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်မည် ။ သို့သော် သူ့မျက်လုံးတွေကလေးပင်စွာ အိပ်ချင်နေစိတ်ဖြစ်လာသည်မို့ ထ၍ကြည့်မနေတော့ ။

ရှောင်းကျန့် အခန်းထဲဝင်လာတော့ ကုတင်ပေါ်တွင်အိပ်နေသည့် Honey ကိုတွေ့ရသည် ။ ထို့ကြောင့် သူယူလာသည့်ပစ္စည်းတွေကို နေရာချကာ Honey အနားသွားလိုက်သည် ။

နဖူးပေါ်တွင်ဝဲကျနေသည့် ဆံပင်အချို့ကိုခပ်ဖွဖွသပ်တင်ပေးလိုက်သည် ။ ဒီလိုနူးညံ့တဲ့ Honey က သူမရှိပဲနဲ့နှစ်တွေအများကြီး တစ်ယောက်တည်း ကြံ့ကြံ့ခံပြီးရှင်သန်လာတာ သူ့ကြောင့် ဆိုတာ ရှောင်းကျန့် သိပါသည် ။

"ကြားနိုင်မလားမသိပေမယ့် ကိုယ်မင်းကိုတအားချစ်တာ Honey ရဲ့"

မျက်ခွံလေးတွေလှုပ်ခတ်သွားသည်မလို့ ရှောင်းကျန့် ပြုံးလိုက်မိသည် ။ နိုးတာကို မထပဲဟန်ဆောင်နေသည့် Honey ကို သူအပြစ်ပေးရမည် ။ ထို့ကြောင့် အိပ်ချင်ယောင်ဆောင်နေသည့် Honey ကို အပေါ်မှအုပ်မိုးကာကြည့်လိုက်သည် ။

ပြီးနောက်

"ဒီပါးဖောင်းလေးကိုလည်း ချစ်တယ် " ဟုဆိုကာ

မျက်စိရှေ့တွင်ရှိနေသည့် ထိုပါးလေးကို ငုံ့ကာနမ်းလိုက်သည် ။

"ပြီးတော့ နှာခေါင်းလုံးလေး မွ"

"ပြီးတော့ မျက်လုံးလေးရော မွ"

"ပြီးတော့..."

ရိပေါ် ၏ နှုတ်ခမ်းကို လက်ညှိုးနှင့်ထိကာ

The Ghost & Me [ Completed ]Where stories live. Discover now