Chapter (17)

7.6K 1K 29
                                    

ကျိယွမ် ရဲ့ တိုက်ခန်းလေးက နှစ်ယောက်နေလို့ရလောက်တဲ့အထိကျယ်ဝန်းပေးမယ့် ကျိယွမ်က တစ်ယောက်တည်းနေရတာပဲ သဘောကျတယ် ။ သူတောင် ကျယ်ကျယ်ဝန်းဝန်းနေချင်လို့ ဒီတိုက်ခန်းကို ဝယ်ထားတာလေ ။ အခုတော့ ဘောစ့်ရဲ့ သူငယ်ချင်း အချောင်သမား အလကားရ ချီးပါပြီး ရေပါဆယ်ဆွဲမယ့် သူကိုအိမ်ပေါ်ခေါ်တင်ထားရတယ် ။

ဒါနည်းနည်းလေးမှ တရားမနေပါဘူးနော်!

"မနက်စာပြင်နေတာလား"

"ကန်းနေလား"

"ကိုယ် ဒီမှာနေတာကို ယွမ်လေးက သဘောမကျဘူးထင်တယ်"

သူအခုငါ့ကို ယွမ်လေးလို့ ခေါ်လိုက်တာလား!
အော့..အော့...အော့..ထွီ!

ဒါ မိန်းမဆန်တယ် ။ ဒါပေမယ့် အန်းယွမ်လု ရဲ့ ညုတုတုအသံကြောင့် ပိုပြီးအော်ဂလီဆန်စရာကောင်းတယ် ။

ကျိယွမ်မှာ အန်းယွမ်လု ရဲ့ ယွမ်လေးဆိုတဲ့ အသုံးအနှုန်းကြောင့် သွေးအန်တော့မတတ်ဖြစ်သွားရတယ် ။

"ဘာ..ယွမ်လေးလဲ!!"

အန်းယွမ်လု က ကျိယွမ် ရဲ့ ကြောင်ပေါက်လေးလို ဒေါသတွေထွက်ပြီး တစ်ဖက်လူကနည်းနည်းလောက်လှုပ်လိုက်တာနဲ့ ကုတ်ဖို့အဆင်သင့်ဖြစ်နေတဲ့ အမူအရာကိုကြည့်ပြီး သဘောတကျရယ်တယ် ။

ချစ်စရာလေး ။ ဘယ်လိုလုပ်မလဲ သူကလည်း အဲ့လိုပုံဖြစ်လေ စချင်လေပဲ ။

"မင်းလေ ယွမ်လေးက ။ ဒါနဲ့ တစ်ခုသိလား"

"ဘာလဲ"

"ယွမ်..ယွမ် ချင်းထပ်ရင်မြတ်တယ်တဲ့"

"ဘာ..!!!!"

သူ ဒီလူကို သဘောမကျတာ အဲ့အချက်တွေပဲ ။ ယောက်ျားအချင်းချင်းကို ရိသဲ့သဲ့တွေလာပြောတာ ။ ငါ့ကို ဘောစ့်အနားနေလို့ ဘောစ့်လို အကွေးကြီးမှတ်နေတာလား! ။ ဘောစ့် နဲ့ ဘောစ့်သူငယ်ချင်းက အကွေးတွေပဲ ။ တံငါနားနီး တံငါ ဆိုပေမယ့် သူကတော့ ဘောစ့်အနားနေရပေမယ့် နည်းနည်းလေးမှ ကွေးမနေပါဘူးနော် ။

"အိုး...နားပူစရာကောင်လေးပဲ ။ မနက်စာအတွက် ကျေးဇူးတင်တယ် ကိုယ်အပြင်သွားစရာရှိလို့ ဘိုင့်"

The Ghost & Me [ Completed ]Where stories live. Discover now