Extra - 3

6.6K 845 11
                                    

-warning-

ရှောင်းကျန့် ရဲ့ ကြိုးစားမှုတွေကြောင့် တော်တော်များများက သဘောကျကြတယ် ။ ရေသာလည်းမခိုတတ်တဲ့အပြင် အလုပ်နဲ့ပတ်သက်လာရင် တည်ငြိမ်ရင့်ကျက်ပြီး အကြံဉာဏ်ကောင်းတွေပေးတတ်ခြင်းကြောင့် ဌာနမှူးကဆို ရှောင်းကျန့်မပါရင်မပြီး ။

တစ်လအတွင်းမှာ ရှောင်းကျန့်က တစ်ရုံးလုံးရဲ့ အားကိုးရတဲ့အချစ်ခံလေး ဖြစ်လာတယ် ။

"ရှောင်းကျန့် "

"ဗျာ.."

"ဒီစာရင်းတွေ မိတ္တူကူးပေးပါနော်"

"ဟုတ်ကဲ့...ကျဲဆိုဖီ "

"ကျေးဇူးပါကွယ်"

"အာ...ရပါတယ်ဗျ ဟီး"

"ရှောင်းကျန့်လေးက ရုပ်ကလည်းချော ၊ သဘောကလည်းကောင်းဟေ့"

"ဟုတ်ပါ့ ။ ဟုတ်ပါ့ ။ မဒီလေးတွေတော့ ကြွေပြီပဲ"

အတူတူအလုပ်လုပ်နေတဲ့ သူများက ဝိုင်းစနေတာကြောင့် ရှောင်းကျန့် ရှက်ပြီးဂုတ်ပိုးကိုသာပွတ်လိုက်မိတယ် ။

"အဟမ်း!!...အဟမ်း!!"

ရိပေါ် ရဲ့ လုပ်ချောင်းအသံကြောင့် အဖွဲ့ထဲက တစ်ယောက်က လက်ညှိုးတစ်ထိုးထိုးနဲ့ ထစ်ထစ်ငေါ့ငေါ့ အသံထွက်လာတယ် ။

"ဝမ်...ဝမ်..."

"ဘာ ဝမ်...ဝမ်လဲ! ။ စကားများနေကြမယ့်အစား အလုပ်သေချာလုပ်မယ်ဆို အခုချိန် Company တိုးတက်နေပြီ"

ရိပေါ် ရုပ်တည်နဲ့သာ ပြောလိုက်တယ် ။

သူ့စကားကြောင့် ခုနက ရယ်မောနေကြတဲ့ လူတစ်စုက ငြိမ်ကုပ်သွားကြတယ် ။ ကျန့်ကောကို တခြားကောင်မလေးနဲ့ တဟီးဟီးလုပ် ပြုံးရယ်ပြီးစကားပြောနေတာ မြင်လိုက်ရကတည်းက သူ့စိတ်ကကြည်တော့တာမဟုတ်ဘူး ။

တရားခံကတော့ သူ့ကို ပြုံးစိစိနဲ့ ကြည့်နေလေရဲ့ ။

အမြင်ကပ်လိုက်တာ ရှောင်းကျန့်!!

ရိပေါ် ဘောက်ဆက်ဆက်နဲ့ ထွက်သွားတော့မှ အကုန်လုံး သက်ပြင်းချနိုင်တော့တယ် ။

"CEO ဝမ်က ဘာဖြစ်တာလဲ "

"မသိဘူး​လေ "

"စကားမများပဲ အလုပ်ဆက်လုပ်ကြ ။ တော်ကြာ ပြန်လှည့်လာလို့ ထပ်အဆူခံနေရဦးမယ်"

The Ghost & Me [ Completed ]Where stories live. Discover now