Extra - 2

6.6K 881 24
                                    

"ဒါက ဘယ်ကနေပြန်လာတာလဲ!"

ယွမ်လိဟန် အသံကခပ်ပြတ်ပြတ် ။

"ကျွန်တော့် သူငယ်ချင်းတွေဆီက"

"ဒါဆို ဒါကဘာလဲ!!!"

သူ့ဆီပစ်ပေါက်ခံရတဲ့ သတင်းစာစာရွက်ကို ရှောင်းကျန့်ယူကြည့်လိုက်တယ် ။

Sean X CEO WANG YIBO ၏ အင်တာဗျူးပွဲတစ်ခုတွင် ကောင်လေးတစ်ယောက်ပေါ်ထွက်လာ ။

သူတို့က ဘာလဲ ။ သူတို့ ပတ်သက်မှုက ဘယ်လိုလဲ ။ စသည့် ခေါင်းစဉ်အမျိုးမျိုးနဲ့ သတင်းစာခေါင်းကြီးပိုင်းမှာနေရာယူထားတယ် ။ သူ့ပုံကို ဝါးထားသော်ငြား Honey ပုံကတော့ ထင်ထင်ရှားရှား ။

ရှောင်းကျန့်မှာ သတင်းစာကိုင်ရင်းပြုံးစိစိ ။

Honey က တကယ်ချောတယ် ။

"ဟေ့ကောင် ပြုံးမနေဘဲ ငါမေးတာဖြေ အဲ့တာမင်းမလား"

"ဟုတ်တယ် "

"Sean X အထိ မင်းဘယ်လိုရောက်သွားတာလဲ"

"CEO ဝမ်ရိပေါ်က ကျွန်တော့်ချစ်သူ!"

"ဘာ...!!!!"

ယွမ်လိဟန် ရဲ့ အသံကျယ်ကြီးကြောင့် အပြင်ကပြန်ရောက်လာတဲ့ ရှောင်းမေ မှာအပြေးအလွှားအိမ်ထဲဝင်လာရတယ် ။

"ဘာဖြစ်ကြတာလဲ"

"နင့်မောင်ကိုမေး"

"အားကျန့် ဘာဖြစ်တာလဲ "

"ကျွန်တော့်မှာ ချစ်သူရှိတယ် မမ ။ သူ့နာမည်က ဝမ်ရိပေါ် "

ဝမ်ရိပေါ်...သူမ တိုးတိုးလေးသာ ထိုနာမည်ကိုရွတ်ဆိုဖြစ်လိုက်တယ် ။ ဦးနှောက်ကိုအလျင်အမြန်အလုပ်ပေးရင်း ဘုရားရေ! သူ့မောင်လေးဟာ တကယ့်ဒိတ်ဒိတ်ကြဲနဲ့မှ ချစ်သူဖြစ်နေပါရောလား ။

"တကယ်လား အားကျန့် "

"ဘာ...တကယ်လားလဲ!!!"

ယွမ်လိဟန် ထအော်လိုက်ခြင်းကြောင့် ရှောင်းမေ အသံပါတိတ်သွားတယ် ။

ယွမ်လိဟန် သူ့ခေါင်းကိုသူ ဖိကိုင်လိုက်တယ် ။

ဒီသားနဲ့သမီးကြောင့် သူအသက်တိုတော့မယ် ။ အကူအညီရမလားလို့ စစ်ကူခေါ်လိုက်တဲ့ သမီးကလည်း တကယ်လား တောင်လာလုပ်နေသေး ။

The Ghost & Me [ Completed ]Where stories live. Discover now