Chapter (5)

9.3K 1.3K 73
                                    

ရိပေါ် အိပ်လို့မပျော်ဘူး ။ သူ ကျန့်ကောကို တကယ်ကူညီချင်ပါတယ် ။ ဒါပေမယ့် သူ့ဘက်ကနေကြည့်ရင်လည်း ဒီကိစ္စကို လက်မခံနိုင်ဘူး ။

ရိပေါ် အိပ်မပျော်တာနဲ့ အခန်းအပြင်ကိုထွက်လာခဲ့တယ် ။

ကျန့်ကောရော....???
တကယ်တော့ ကျန့်ကော နဲ့ ဘာမှမဆိုင် မဟုတ်သေးဘူး သူနဲ့ဆိုင် မသိတော့ဘူးကွာ...!!!!

မဆီမဆိုင် ကောင်းကင်ကို မော့ကြည့်မိတော့ အပြည့်မဖြစ်သေးတဲ့ လကသာလို့ ။

"ကူ...ညီ...ပါ....ကူ....ညီ....ပါ......"

စွဲစွဲငင်ငင်နဲ့ ကြားလိုက်ရတဲ့ အသံကြောင့် ရိပေါ် ကြက်သီးတွေ ဖြန်းကနဲပဲ ။

"အူ.....ဝူး.....အူ......"

ခွေးလား မြေခွေးလား သေချာမသိတဲ့ အော်သံကြီးကလည်း ဘေးပတ်လည်ကနေ ကြားနေရသယောင် ။

ရိပေါ် ခြေတွေလက်တွေ တုန်တက်လာမိသလို တံတွေးပါမျိုချလိုက်မိတယ် ။

အထဲဝင်ပြေးရအောင်ကလည်း သူ့ကို တစ်ယောက်ယောက်က ဆွဲထားသလို ခံစားနေရတယ် ။

"သခင်လေး...ကျွန်မကို.... ကူညီပါလားဟင်"

"အား....!!!!.....ကျန့်ကောရေ....!!!!"

ဝါးကနဲ ပေါ်လာတဲ့ သရဲမကြောင့် ရိပေါ် အော်လိုက်မိတယ် ။

"ဟမ်...ဟမ်...ရိပေါ် ရလား ။ ဘာဖြစ်လို့လဲ "

မီးခိုးငွေ့လေးကြားထဲ ရုတ်တရက် ပေါ်လာတဲ့ ရှောင်းကျန့် က ရိပေါ် ကို စိုးရိမ်တကြီး နဲ့ မေးတယ် ။

"ကျန့်ကော....ကျန့်ကော...သရဲ"

"ငါက...သရဲပဲလေ....မင်းပဲခေါ်ပြီး ဘာလို့အော်နေတာလဲ"

"ခင်ဗျား...အနောက်မှာ!!!!"

ရိပေါ် အော်လိုက်မှ နောက်လှည့်ကြည့်တဲ့ ရှောင်းကျန့် က သူ့ကို ခေါင်းစောင်းပြီး ပြုံးပြနေတဲ့ သရဲမကို မြင်တော့ ရိပေါ် အနားပြေးကပ်သွားတယ် ။

"ငရုတ်ကောင်းစေ့နဲ့ပေါက်လေ"

"ရှိမှတော့ ခင်ဗျားကို ခေါ်မလား!"

"ဒါဆို...ပြေးမယ်"

"မရဘူး ။ စည်းတွေ ပျက်နေတာ မြင်လား"

The Ghost & Me [ Completed ]حيث تعيش القصص. اكتشف الآن