Chapter (7)

9.2K 1.3K 33
                                    

ရှောင်းကျန့် လမ်းမပေါ်မှာ လျှောက်သွားနေမိတယ် ။

ရှင်က ဝမ်ရိပေါ် ကို ကာကွယ်ဖို့ပဲ ။ သူ့မှာ မမြင်နိုင်တဲ့ အန္တရာယ် တွေ အများကြီးပဲ ရှင်ကိုယ်တိုင် ကာကွယ်မှဖြစ်မှာ ။ ဒါကြောင့် တစ်ချို့အရာတွေကို လက်ခံဖို့လိုတယ် ။

စာကြည့်တိုက်မှာ တွေ့ခဲ့ရတဲ့ သရဲမရဲ့ ပြောစကားတွေကို ပြန်စဉ်းစားမိတော့ ရှောင်းကျန့် နားမလည်တာတွေ ပိုပြီးများလာသလိုပဲ ။

ဘာကိုလက်ခံရမှာလဲ သူနားမလည်ဘူး ။
ဝမ်ရိပေါ် ကိုပဲ ကာကွယ်ဖို့ပြောတယ် ခက်ခဲတဲ့ကိစ္စမဟုတ်ပေမယ့်  ဘာတွေဆက်စပ်နေလို့လဲ ။

ရှောင်းကျန့် မှာ မေးခွန်းတွေ အများကြီး ရှိတယ် ။ ဒါပေမယ့် မေးရမယ့်သူ တစ်ယောက်မှမရှိသလို ။ သူ့မေးခွန်းတွေကို ဖြေပေးမယ့်သူလည်း တစ်ယောက်မှ မရှိဘူး ။

.....................

"ကျန့်ကော...!!!"

ရိပေါ် အိမ်ပြန်ရောက်ကတည်းက ကျန့်ကော ကို လိုက်ရှာနေတာ ။ တစ်နေရာမှာမှ မတွေ့ဘူး ။ ဘယ်သွားတာလဲ? ။

"ပြော!"

"အား...!!!!!!"

သူ့ကို လှမ်းရိုက်နေတဲ့ လက်တွေကို ရှောင်းကျန့် ဆုပ်ကိုင်လိုက်တယ် ။

စောက်ကလေးလေး တကယ်အားသန်တယ် ။

"ငါပါဟ!"

"........."

"သူပဲ လှမ်းခေါ်ပြီး"

မှိတ်ထားတဲ့ မျက်လုံးတွေကို ရိပေါ် ဖွင့်ကြည့်တော့ သူ့ကို ကြည့်နေတဲ့ ရှောင်းကျန့် ရယ် ၊ သူ့လက်က အထိအတွေ့ တစ်ခုရယ် ။

"ကျန့်...ကျန့်ကော...ကျွန်တော့်လက်ကို..ကိုင်ထားတယ်"

"ဟမ်!"

ရှောင်းကျန့် ကယောင်ကတမ်း နဲ့ လွှတ်ကြည့်ပြီးမှ ပြန်ကိုင်ကြည့်တော့ မရတော့ဘူး ။

ရှောင်းကျန့် က သက်ပြင်းချရင်း မျက်နှာမသာမယာနဲ့ လှည့်ထွက်သွားတာမို့ ရိပေါ် မှာ အနောက်ကလိုက်ခေါ်ရသေးတယ် ။

"ကျန့်ကော "

"ငါ...လွတ်မြောက်ချင်တယ် ရိပေါ် "

The Ghost & Me [ Completed ]Where stories live. Discover now