ကျောင်းတက်ရမယ့် ရိပေါ်က မနက်စောစောမှာ တက်ကြွလို့နေတယ် ။ ကျန့်ကော ကို ကူညီဖို့ကတော့ သူအခုထိမစဉ်းစားရသေးဘူး ။
"ring....ring...."
"ဟဲလို..."
"........"
"ဗျာ...!!!...တကယ်လား "
"......."
"ဒါဆို ဒီတစ်ပတ်ပိတ်ရက်ကျရင် လာခဲ့မယ်"
ရိပေါ် မှာ ဖုန်းချပြီး ဘယ်ရောက်နေမှန်း မသိတဲ့ သရဲကို ခေါ်ရသေးတယ် ။
"ကျန့်ကော...ကျန့်ကော...!!!"
"ဝှါး....ပြော.."
ပါးစပ်အကျယ်ကြီးဟပြီး သမ်းနေတဲ့ ကျန့်ကော က အမြင်ကတ်စရာ တကယ်ကောင်းပါတယ် ။ ထိရရင်သိပ်ကောင်းမယ် ။ ဆောင့်ကန်ချင်နေပြီ!!
"ခင်ဗျား...အမြဲတမ်းအိပ်နေတာပဲလား"
"ငါ့မှာ အလုပ်မှ မရှိပဲ"
"ဒီတစ်ပတ်ပိတ်ရက်ကျရင် အဘိုးဆီပြန်သွားမယ်"
"ဘာလို့တုန်း "
"ခင်ဗျားအတွက်...အစီအရင် တစ်ခုလုပ်ထားတယ်တဲ့ ။ ကောင်းတဲ့ကိစ္စပဲ ဖြစ်မှာ သွားမယ်မလား"
"အင်း...မင်းက အားပါ့မလား "
"အားတယ် ။ အခုတော့ ကျောင်းသွားမယ် လိုက်ခဲ့"
"ပျင်းတယ် ။ အိမ်မှာပဲ နေမယ်"
"မရဘူး လိုက်ခဲ့"
နောက်ဆုံးတော့ ရှောင်းကျန့် တစ်ယောက် မလိုက်ချင်ပဲ လိုက်သွားရတာပါပဲ ။
.................
"ဟိုင်း...ရိပေါ် "
"မင်းတို့ နှစ်ကောင်က အမြဲတမ်းတတွဲတွဲနဲ့နော်"
ရိပေါ်က သူလွယ်လာတဲ့ လွယ်အိတ်ကို စားပွဲပေါ်တင်ရင်းကနေ သူ့ရှေ့က မခွဲနိုင်မခွာရက်နဲ့ ကပ်နေကြတဲ့ လျိုကျိမင် နဲ့ ပိုင်လုံ ကို စကားနာထိုးတယ် ။
တကယ်တော့ ကျိမင် နဲ့ ပိုင်လုံ က ချစ်သူတွေဖြစ်တယ် ။ ငယ်ငယ်တည်းက တပူးပူး တတွဲတွဲနဲ့ နှစ်ယောက်က ကံအကြောင်းပါလာခဲ့ပုံပါပဲ ။ နှစ်ဖက်မိဘတွေက နိုင်ငံခြားမှာလည်း ဒီလိုမျိုးတွေ ကြုံတွေ့နေကြဖြစ်လို့ ကျိမင် နဲ့ ပိုင်လုံ ကို ခွင့်ပြုပေးထားကြတယ် ။
आप पढ़ रहे हैं
The Ghost & Me [ Completed ]
फैनफिक्शन[ ZHANYI ] သရဲကရော ချစ်သူဖြစ်လာနိုင်ပါသလား ? သရဲကရော ချစ်သူဖြစ်လာနိုင်ပါသလား ? Everything here is just a fantasy. cover from pinterest.