Chapter (21)

6.7K 936 12
                                    


ဝိုင်ခွက်ကို လက်ထဲမှာ ဖြည်းဖြည်းချင်းလှည့်ရင်း တွေးနေမိတာက သူ့ကို အမြဲတမ်း မျက်လုံးစိမ်းနဲ့ကြည့်တတ်တဲ့ ကောင်လေးတစ်ယောက်အကြောင်း ။

ကျိယွမ် ။

ပိုင်ဆိုင်ချင်တယ် ။ တကယ်တော့ မလွယ်ကူတဲ့အရာတွေကို သူကြိုးစားယူရတာကြိုက်တယ် ။ ရှောင်းကျန့် လည်း ထိုနည်းလည်းကောင်း ။

ရှောင်းကျန့် အတိတ်မေ့နေခြင်းက သူ့ကိုဘုရားပေးတဲ့ဆုလာဘ် ။ 1နှစ်​ မဟုတ်သေးဘူး 3နှစ်​ ။ ရှောင်းကျန့် ထက် အရာရာတော်အောင် ပြည့်စုံလာအောင် သူကြိုးစားခဲ့ရတဲ့အချိန်တွေ ။

အမြဲလိုအပြိုင်အဆိုင်ဖြစ်လာတဲ့ သူနဲ့ရှောင်းကျန့်အကြား ရှောင်းကျန့် က ပိုတော်တယ်ဆိုတာ သူလက်မခံနိုင်တဲ့ အမှန်တရားပဲ ။ တစ်လောကလုံးမှာ အန်းယွမ်လု ဆိုတဲ့ သူအတော်ဆုံး ။ ရှောင်းကျန့် မရှိတော့ရင်ပေါ့ ။ ပထမအကြိမ် ရှောင်းကျန့် ကို ပျောက်ကွယ်သွားအောင် သူလုပ်ခဲ့တယ် ။ မအောင်မြင်ခဲ့ပေမယ့် အခု ဒုတိယအကြိမ် အခွင့်အရေးကို စောင့်ပြီး သူကိုယ်တိုင် ရှောင်းကျန့် ကို ရှင်းပစ်မှာ ။

"ဪ..လူကြီးမင်း အန်း က သောက်တောင်နေပြီပဲ"

ကျိယွမ် ရဲ့ အသံကြားမှ အန်းယွမ်လု အတွေးတွေထဲကနေ လက်ရှိကို ပြန်ရောက်လာတယ် ။

"ယွမ်လေး..ထိုင်ပါဦး "

"ကျွန်တော့်မှာ အလုပ်ရှိသေးတယ်"

ပြောချင်ရာပြောပြီး လှည့်ထွက်သွားတဲ့ ကျိယွမ် ကို အန်းယွမ်လု က လက်ကနေဆွဲလှည့်ပြီး နံရံမှာဖိကပ်လိုက်တယ် ။ သူ့ကိုငြင်းဆန်လေ ပိုပြီးပိုင်ဆိုင်ချင်လေ ။

"အန်းယွမ်လု...ဘာလုပ်တာလဲ!!"

ခပ်စူးစူး မော့ကြည့်လာပြီး ဒေါသအပြည့်နဲ့အော်လွှတ်တဲ့ ကျိယွမ်က လက်သည်းတွေထုတ်ပြီး ကုတ်ဖို့အသင့်ဖြစ်နေတဲ့ ကြောင်ပေါက်လေးလိုပဲ ။

"ဘာလုပ်မယ်လို့ထင်လဲ"

"အရှက်မရှိလိုက်တာ...ခင်ဗျား"

"မင်းကို ပိုင်ဆိုင်ချင်လွန်းလို့ အရှက်မရှိတော့တာ ယွမ်လေး"

The Ghost & Me [ Completed ]Where stories live. Discover now