အခန်း ၄၁ - အတိတ်ကို ပြန်ရှာဖွေခြင်း

Start from the beginning
                                    

ဖြစ်နို်င်မယ်ဆိုရင် သူ အဲဒီနေရာကို ပြန်သွားပြီး သူ့အလောင်းကို သွားရှာချင်သည်။ ဒါပေမယ့် သူ အဲဒီ့ညက ဘယ်ကို ပြေးလို့ ပြေးခဲ့မိမှန်းတောင် မသိ။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကတောင် ရှာမတွေ့ဘူးဆိုရင် သူဆိုရင် ပြောမနေနဲ့တော့။

ကျိုရှီအန်း ကွန်ပျူတာ မျက်နှာပြင်ကို အကြာကြီး ငေးကြည့်မိသည်။ အဲဒီ စိတ်လေးလံနေမှုကနေ ပြန်သက်သာမလာခဲ့။ သူနဲ့ အနှစ်သုံးဆယ်တောင် အတူရှိခဲ့တဲ့ ထိုခန္ဓာကိုယ်က သူ့မိဘတွေအမွေပေးခဲ့တဲ့ တန်ဖိုးအကြီးမားဆုံး အရာတစ်ခုဖြစ်သည်။ သူ့ခန္ဓာကိုယ်က ကျန်းမာပြီး ခွန်အား သန်မာမှု အပြည့်ရှိသည်။ သူ့မိဘတွေ ဒီကမ္ဘာပေါ်မှာ ချန်ထားခဲ့တဲ့ တစ်ခုတည်းသော အရာဖြစ်တဲ့ သူ့ခန္ဓာကိုယ် မရှိတော့ဘူး။ ပျောက်ဆုံးသွားပြီ။ သူ့မိဘတွေ ဒီကမ္ဘာပေါ်မှာ ရှိခဲ့ဖူးတယ်ဆိုတာကို ဘယ်သူသက်သေပြတော့မလဲ။

ကျိုရှီအန်း အကြာကြီးထိုင်နေသည်။ သူ့ရင်ထဲမှာ အမည်ဖော်လို့ မရနိုင်တဲ့ နာကျင်မှုကို ခံစားရသည်၊ ဒါပေမယ့် ဘယ်သူကိုမှ ပြောမပြနိုင်။

သူ စိတ်ပြန်ထိန်းနိုင်ဖို့ အချိန်တော်တော်ယူလိုက်ရသည်။ ပြီးတော့ တခြား ဆက်စပ်နေတဲ့ သတင်းတွေကို ရှာကြည့်သည်၊ အရေးကြီးတာ ဘာမှမတွေ့။ သူ ခဏစဉ်းစားကြည့်ပြီး လန်ရှီရောင်ကို ရှာကြည့်သည်။ လွန်ခဲ့တဲ့ နှစ်နှစ် သူ အက်ဆီးဒင့်ဖြစ်ပြီးကတည်းက လန်ရှီရောင် နိုင်ငံခြားမှာ သွားနေပြီး သူ့အနုပညာလုပ်ငန်းကို ပိုအောင်မြင်အောင် လုပ်ခဲ့သည်။ China ကို တစ်ခါတစ်လေမှသာ ပြန်လာသည်။ သူ Hollywood မှာ အရမ်းအောင်မြင်တဲ့ Chinese star တစ်ယောက်ဖြစ်နေပြီ။ ခေါင်းဆောင်မင်းသားအနေနဲ့ သရုပ်ဆောင်ခွင့်မရသေးပေမယ့် သူ့ရဲ့ နိုင်ငံတကာရုပ်ရှင်လောကအပေါ် လွှမ်းမိုးနိုင်မှုကို ယှဉ်နိုင်တဲ့ Chinese actor/actress သိပ်မရှိ။

ကျိုရှီအန်း လန်ရှီရောင်အတွက် ဝမ်းသာသည်။

သူ့အတွက် ဗလာသက်သက်ဖြစ်နေတဲ့ နှစ်နှစ်အတွက် သူ့မှာ မေးခွန်းများစွာရှိသည်။

အဲဒါကြောင့် ထပ်ပြီး ဝမ်ယုတုန်နာမည်ကို ရှာသည်။

ဝမ်ယုတုန် အဲဒီ့ရုပ်ရှင်ကားကို နောက်ဆုံး မရိုက်ဖြစ်ခဲ့။ ဒါပေမယ့် မရိုက်ဖြစ်ခဲ့တဲ့ အကြောင်းပြချက်က ဒါရိုက်တာဝမ် သူ့ကို အတင်းလူလဲခိုင်းလို့ မဟုတ်ဘဲ "ကိုယ်ရေးကိုယ်တာ အကြောင်းကြောင့်" စိတ်မကောင်းစွာ နှုတ်ထွက်ခဲ့တာ ဖြစ်သည်။ ဒီဇာတ်ရုပ်ကို လွှတ်သွားလို့ ဝမ်ယုတုန်မှာ ထိခိုက်မှု ဘာမှမရှိခဲ့။ တကယ်တမ်းမှာ၊ နှစ်တစ်ဝက်လောက် ငြိမ်နေပြီးနောက် တခြားဇာတ်ကားနည်းနည်းရိုက်လိုက်တော့ သူ့အောင်မြင်မှုက ထိပ်ဆုံးရောက်သွားခဲ့သည်။ ဆုတွေများ တစ်ဆုပြီး တစ်ဆု။ သူ့ကို ရွံ့ရှာမုန်းတီးပေမယ့် သူက မင်းသားလုပ်ဖို့ မွေးဖွားလာတဲ့ အရမ်းအရည်အချင်းရှိတဲ့လူဆိုတာကို ကျိုရှီအန်း ဝန်ခံရမည်။ ဘယ်လို ဘဝရှုထောင့်မျိုးကို မဆို သူ့သရုပ်ဆောင်စွမ်းရည်နဲ့ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သည်၊ ဒါကြောင့်လဲ ရုပ်ရှင်ပိတ်ကားပေါ်မှာကော ပေါင်းသင်းဆက်ဆံရေးပိုင်းမှာပါ အောင်မြင်မှုရသည်။ သူလိုချင်တဲ့ အကျိုးသက်ရောက်မှု ရအောင်လုပ်ယူနို်င်သည်။ ဝမ်ယုတုန်ရဲ့ ဘက်စုံထူးချွန်တဲ့ အရည်အချင်းတွေက တချို့လူတွေ တစ်ဘဝလုံး ကြိုးစားလို့တောင် မရနိုင်တာတွေဖြစ်သည်။

လူစားထိုး သရုပ်ဆောင် (translation, unicode)Where stories live. Discover now