အပိုင်း(၃၈)Unicode

11.1K 1K 42
                                    

စွမ်းလေး accident ဖြစ်လို့ဆိုပြီး သိင်္ဂါဖုန်းဆက်လာတော့ မခြူးက ဆေးရုံကို ချက်ချင်းလိုက်ပို့ပေးသည်။ဆေးရုံရှေ့ရောက်တော့ ရဲသွေးနဲ့ဆုံသည်။ရဲသွေးလည်း ကြားကြားချင်း ဆေးရုံအပြေးအလွှားရောက်လာပုံပဲ။

"မင်းလဲ အခုမှရောက်တာလား"

သူမေးလိုက်တော့ ရဲသွေးက ခေါင်းညိတ်ပြကာ

"အင်း ဘုန်းပြည့်စာပို့လို့ ချက်ချင်းလိုက်လာတာပဲ"

ဆေးရုံထဲဝင်သွားကြတော့ မလှမ်းမကမ်းမှာ ဘုန်းပြည့်နဲ့ သိင်္ဂါမတ်တပ်ရပ်နေတာ မြင်လိုက်ရသည်။အနားကိုရောက်သွားကြတော့ ဘုန်းပြည့်က သူတို့မေးမှာကို သိနေသည့်အလား

"ခြေထောက်ကခွဲစိတ်ရမယ်ဆိုလို့ ခွဲစိတ်ဖို့ပြင်နေတယ်"

"ဘယ်လိုဖြစ်တာလဲ"

"သူတို့ဆိုင်နားတင်ပဲ ကားနဲ့တိုက်မိတာ အဲ့နားမြင်တဲ့လူတွေကတော့ တစ်ဖက်ကားမှားတယ်လို့ပြောတာပဲ သူ့အဖေတို့သွားရှင်းနေတယ် အခြေအနေက နည်းနည်းစိတ်မချရဘူးတဲ့ နံရိုးတွေလည်းကျိုးတယ်တဲ့"

ဘုန်းပြည့်စကားဆုံးတာနဲ့ ရဲသွေးတုန်ယင်လာတာသိသိသာသာ။

"ဘာမှမဖြစ်နိုင်ပါဘူး အဲ့ကောင်က ကံအမြဲတမ်းကောင်းပြီးသားပါ"

သူအားပေးစကားပြောလိုက်တော့ ရဲသွေးက မျက်ရည်တွေဝဲပြီးခေါင်းညိတ်ပြသည်။

"မှူးဆက် မင်းပြန်ရင်ပြန်လိုက်လေ နေကောင်းသေးတာလဲ မဟုတ်ပဲနဲ့ ငါတို့ပဲစောင့်နေလိုက်မယ်"

"ဟုတ်တယ် ငါတို့ရှိတယ် အိမ်ပြန်နားလိုက် မခြူး မှူးဆက်ကို ပြန်ခေါ်သွားလိုက်တော့လေ ကျွန်တော်တို့ပဲ စောင့်လိုက်မယ်"

"အေးအေး တစ်ခုခုအရေးအကြောင်းဆို ဖုန်းဆက်လိုက်နော် လာ...မောင်လေး ပြန်ရအောင်"

"မခြူး"

လှည့်ထွက်ခါနီး ရဲသွေးက ခေါ်တော့ မခြူးက ဘာများဖြစ်လို့လဲဆိုတဲ့အကြည့်နဲ့ ကြည့်သည်။

"ဟိုဟာ...သဲငယ်ကို အဆောင်လိုက်ပို့ပေးလို့ရမလား"

"ဪ ရတယ်လေ"

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiWhere stories live. Discover now