Extra 2(Unicode)

9.5K 770 58
                                    

ဒီ extra အပိုင်းလေးကတော့ ယံယံ့မေဂျာဒေးပြီးလို့
မှူးဆက်တို့ ဘူမိမေဂျာဒေး အကြောင်းလေးပါ

~~~~~~~~~~~~~~~~~~~~~~~~~

မှူးဆက်နဲ့ ချစ်သူတွေဖြစ်ပြီးကတည်းက ဘယ်သွားသွား တစ်တွဲတွဲဖြစ်နေတဲ့ သူတို့နှစ်ယောက်ဟာ ဒီနေ့မှာတော့ သူတစ်ယောက်ထဲ ကျောင်းကို ဆိုင်ကယ်မောင်းပြီး စိတ်ထဲတနုံ့နုံ့နဲ့ရောက်လာရပါတော့တယ်။

ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းက ဘာလဲဆိုတော့ ဒီနေ့က ဘူမိမေဂျာဒေး။

သူ့မေဂျာဒေးတုန်းကတော့ မှူးဆက်က ဘွဲ့နှင်းသဘင်ခန်းမအထိ လိုက်ပို့တဲ့အပြင် ဘာမလုပ်ရဘူး ညာမလုပ်ရဘူးဆိုတဲ့ တားမြစ်ချက်တွေကို အလွတ်ရတဲ့အထိ ပွစိပွစိမှာတမ်းချွေခဲ့သလောက် သူ့အလှည့်မှာတော့ မှူးဆက်ကို မှာတမ်းချွေဖို့နေနေသာသာ အရိပ်အယောင်တောင်မမြင်လိုက်ရ အခမ်းအနားအတွက်လုပ်ကူရဦးမှာ ဆရာတွေဆရာမတွေကိုအကြိုအပို့လုပ်ရဦးမှာဆိုတဲ့ အကြောင်းပြချက်ပေါင်းများစွာနဲ့ မနက်အစောကြီး သူ့ကိုဖုန်းဆက်ကာ ခွင့်တောင်းပြီး ထွက်သွားလေရဲ့။

"ဟယ် ယံယံ အတန်းလာတက်တယ်"

အတန်းထဲသူဝင်လာတာကို မြင်တာနဲ့ သော်သော်က အံ့ဩတကြီးမေးတော့သည်။

"ငါက အတန်းလာမတက်လို့ ဘယ်သွားရမှာလဲ"

"ဘူမိမေဂျာဒေးဆိုတော့ မှူးဆက်နဲ့ရှိနေမယ်ထင်လို့လေ"

ထိုစကားကြောင့် သူဟက်ခနဲရယ်လိုက်မိကာ

"သော်သော် ငါပြောပြမယ် ငါ့မေဂျာဒေးတုန်းက သူအတန်းသွားတက်နေတဲ့အချိန်လေးမှာတောင် ဘာမလုပ်ညာမလုပ်ရဆိုပြီး အချက်တစ်ရာလောက်တားမြစ်ခဲ့ပြီးတော့ အတန်းပြီးတာနဲ့ ငါ့ဆီ ချက်ချင်းရောက်လာတဲ့ အဲ့ကောင်က သူ့မေဂျာဒေးကျမှ ငါ့ကိုမခေါ်တာ တရားလား စဉ်းစားကြည့်စမ်းပါဦး"

"ဟမ်"

သူ့စကားကြောင့် သော်သော်ပါ ပါးစပ်အဟောင်းသား။

"ဟုတ်လား ငါနဲ့ရှားရှားတောင် အတန်းလစ်လို့ရတာနဲ့ ယံယံလည်းရှိမှာပဲဆိုပြီး သွားကြည့်ဖို့တိုင်ပင်ထားတာကို"

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiWhere stories live. Discover now