အပိုင်း(၃၁)Unicode

11.1K 1K 25
                                    

မှူးဆက် ရန်ကုန်ကို ပြိုင်ပွဲကိစ္စနဲ့ သွားနေတဲ့အတောအတွင်း သူ အိမ်ပြင်ကိုမထွက်ဖြစ်။လွမ်းပြီးတော့သာ ကျန်နေခဲ့သည်။သော်သော်နဲ့ ရှားရှားကလည်း နောက်နှစ်ရက်လောက်နေမှ တောင်ငူကို ပြန်ရောက်လာမှာဆိုတော့ သူတစ်ယောက်ထဲ အိမ်ထဲမှာခွေခေါက်နေရတော့သည်။

"မှူးဆက် မရှိတာနဲ့ပဲ သားသားက အိမ်ပြင်ကိုမထွက်တော့ဘူးပေါ့"

ဆိုဖာပေါ်မှာခွေခေါက်နေတဲ့ သူ့နား မေမေရောက်လာကာ စကားဆိုတော့

"မဟုတ်ပါဘူး မေမေရယ် တစ်ယောက်ထဲအပြင်သွားရမှာလဲ ပျင်းလို့ပါ"

"မှူးဆက်က ဘယ်နေ့ပြန်လာမှာတဲ့လဲ"

"ပြီးတာနဲ့ ပြန်လာမယ်လို့ပြောတာပဲ သူ အောက်မြန်မာပြည်လက်ရွေးစင် ရွေးခံရမယ်ထင်ပါတယ် ဒါနဲ့ မေမေက အပြင်သွားမလို့လား"

"ဟုတ်တယ် အနှင်းရဲ့ ယောက္ခမကြီး မွေးနေ့ အလှူလုပ်မလို့တဲ့ အဲ့ဒါ သွားကူမလို့ ခန့်နိုင်ကတောင် သားကိုမေးနေသေးတယ် မတွေ့တာကြာလို့တဲ့ သားသားရောလိုက်ခဲ့ပါလား"

"မလိုက်တော့ပါဘူး "

"ပြီးရော မေမေသွားပြီ  ခြံတံခါးသေချာပိတ်ထားဦး"

"ဟုတ်"

တကယ်လို့များ ကိုခန့်နိုင်တို့အိမ်ကို သူလိုက်သွားပြီပဲထား မှူးဆက်ပြန်သိသွားရင် သေချာပေါက် ပွဲကြီးပွဲကောင်းဖြစ်သွားနိုင်သည်။မှူးဆက် သဝန်တိုချက်ကို စဉ်းစားမိတော့ တစ်ယောက်ထဲရယ်မိပြန်သည်။

"ဪ လွမ်းလိုက်တာနော်"

မှူးဆက်သွားတာဖြင့် တစ်ပတ်တောင်မပြည့်သေး။ဒီလိုလွမ်းနာကျနေတဲ့ ပုံစံမျိုးနဲ့သာဆို ကြာကြာခွဲနေရရင် သူဘယ်လိုနေရပါ့။

~~~~~~~~~~~~~~~

"ဟယ် မှူးဆက် ဒီနေ့လည်း ထပ်တွေ့ပြန်ပြီ"

တောင်ငူပြန်ရတော့မှာမလို့ ယံယံ့အတွက် မုန့်တွေရယ် လက်ဆောင်တွေရယ် လာဝယ်နေတုန်း မထင်မှတ်ပဲ တွေ့လိုက်ရတာက ဇူးဇူးကိုဖြစ်သည်။မနေ့က ပြိုင်ပွဲကိစ္စတွေအကုန်ပြီးလို့ အဒေါ်တို့အိမ်ပြန်လာတဲ့လမ်းမှာလည်း တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဇူးဇူးနဲ့ဆုံခဲ့သည်။ပိုက်ဆံအိတ်လုခံလိုက်ရလို့ အိမ်ပြန်ဖို့ ဒုက္ခရောက်နေတယ်ဆိုတာနဲ့ သူပဲ တက္ကစီငှားဖို့ ကူညီပေးလိုက်မိသည်။

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiWhere stories live. Discover now